နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ညာတွင် ဆောက်လုပ်ဆဲတိုက်ပြိုကျ လူနှစ်ဦး သေဆုံး

နိုင်ရိုဘီ  နိုဝင်ဘာ   ၁၉

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော် တွင် ဆောက်လုပ်ဆဲ အထပ်မြင့်တိုက် တစ်တိုက်ပြိုကျရာလူ နှစ်ဦး သေဆုံး သွားကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက် သည်။

အဆိုပါ တိုက်သည်အနီးရှိအိမ် အပေါ်ပြိုကျခြင်းကြောင့် လူသေဆုံးမှု ဖြစ်ပွားကာပြိုကျသည့်တိုက်၏ အနီး အခြားနေအိမ်တစ်ခုမှလူ သုံးဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင် များက ပြောသည်။

ယခုဖြစ်ရပ်သည် ရက်သတ္တပတ် အတွင်းဒုတိယအကြိမ်ဆောက်လုပ်ဆဲတိုက်ပြိုကျခြင်းဖြစ်ပြီး ပြီးခဲ့သည့်နိုဝင် ဘာ ၁၅ ရက်ကလည်း  ဆောက်လုပ် ဆဲ တိုက်တစ်လုံးပြိုကျခြင်းကြောင့်  ဆောက်လုပ်ရေးလုပ်သားများ တိုက် အတွင်းပိတ်မိမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ယခုကဲ့သို့ တိုက်ပြိုကျမှုများကြောင့် ဆောက်လုပ်ရေးကန်ထရိုက်များ၏ အရည်အသွေးနှင့်ပတ်သက်ပြီး လူထု ကြား မေးခွန်းထုတ်မှုမြင့်တက်လျက် ရှိကြောင်း သိရသည်။     

(ref:Reuters)






အခြားဆက်စပ်သတင်းများ