နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်

ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အို ဦးရေသည် အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားနေသည်။ ယနေ့ ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ်က အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ ၃၀၃ သန်း ရှိသော်လည်း ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၅ ဘီလီယံ ကျော် ရောက်ရှိမည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင်လည်း သက်ကြီးရွယ်အို ရာခိုင်နှုန်းတိုးတက် များပြားလာပြီး ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်သော သုတေသနစာတမ်းအရ သက်ကြီးရွယ်အို ဦး‌ရေ ၄ ဒသမ ၅ သန်း ခန့်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ၁၃ သန်းခန့်ရှိမည်ဟု ခန့်မှန်းထား သည်။

အဘိုး၊ အဘွားများ၏ ဘဝရှေ့ရေးသာယာချမ်းမြေ့မှုကို စောင့်ရှောက်ကာကွယ်ကူညီတတ်သည့် မြန်မာတို့၏ လူမှုရေး ဓလေ့၊ စရိုက်အစဉ်အလာများ၊ သက်ကြီးရွယ်အိုများကို အလေး ထားသော ကူညီစောင့်ရှောက်မှုများသည် မွန်မြတ်သော ပရဟိတ လုပ်ငန်းများဖြစ်သည်။

ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းနှင့် ပါရမီလမ်းထောင့် မရမ်းကုန်းမြို့နယ်၊ အမှတ် ၆၄ ရှိ မြန်မာနိုင်ငံ၏ ပထမဆုံး အခမဲ့ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနည်းတူ ပြောင်းလဲလာသော လူနေမှုပုံစံအရ မိသားစုအသီးသီးတွင် အလုပ်လုပ်နိုင်သော မိသားစု များက နေ့စဉ်အလုပ်သွားရသည်။ ကျောင်းနေအရွယ်ကလေးများ က ကျောင်းတက်ကြရသည်။ အိမ်တွင် ကျန်ရစ်ခဲ့သော မိဘ ဘိုးဘွားများမှာ အထီးကျန်ဆန်သော ဝေဒနာကိုခံစားကြရသည်။ ဤကဲ့သို့သော သက်ကြီးရွယ်အိုများအတွက် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ ပေါ်ထွန်းလာခြင်းဖြစ်သည်။

လူမှုဝန်ထမ်းလုပ်ငန်းရပ်များအား ဝါသနာ၊ စေတနာ၊ အနစ်နာ များ ပေါင်းစပ်၍ အဘိုးအဘွားများအား မိမိတို့၏ အဘိုးအဘွားများ ကဲ့သို့ စောင့်ရှောက်ကြရန် လိုအပ်ပေသည်။ လူမှုဝန်ထမ်းလုပ်ငန်းရပ် များဖြစ်သည့် ကလေးသူငယ်စောင့်ရှောက်ရေး၊ အမျိုးသမီး စောင့်ရှောက်ရေး၊ မသန်စွမ်းသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စာနာစိတ်များနှင့် ဆောင်ရွက်ရန် လိုအပ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြု ဘိုးဘွား ရိပ်သာ ၉၃ ခုရှိ ဘိုးဘွား ၃၀၀၀ ကျော်အတွက် နှစ်စဉ်မပြတ် ထောက်ပံ့မှုပြုပေးသကဲ့သို့ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ကြီးရွယ်အိုဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ အမှတ်စဉ် ၁၂ အထိ သင်တန်းသား ၃၀၀ ကျော် မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။

သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ ကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ရွာပြည်သူများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ