နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကာကွယ်နိုင်ရေး PPE ဝတ်စုံများ၊ လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်း Mask များ၊ အပူချိန်တိုင်းစက်များ၊ ဆေးဖျန်းပုံးနှင့်အလှူငွေများ လာရောက်လှူဒါန်း

ဖာပွန် ဧပြီ ၃ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးသို့ စေတနာရှင်၊ အလှူရှင်များက COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ ထိုသို့လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ အမှတ်(၅)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ အမှတ်(၆)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ကိုထွေးနှင့်ဇနီး၊ အ.ထ.ကကျိုက်ဒုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်လှိုင်လှိုင်သင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစောဇော်မျိုးမင်းနှင့် ဇနီးဒေါ်လဲ့လဲ့မွန် (အငယ်တန်းအင်ဂျင်နီယာ-၂)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ နှင့် စေတနာရှင်အလှူရှင်များက PPE ဝတ်စုံများ၊ Mask များ၊ Hand Gel များ၊ Nan Contact Thermometer များ၊ ဆေးဖျန်းပုံးများ၊ အလှူငွေများနှင့်ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၅ သိန်းဖိုးခန့်လာရောက် လှူဒါန်းခဲ့ကြောင်း၊ စေတနာရှင်၊ အလှူရှင်များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေလင်းက မှတ်တမ်းတင်ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ