နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားသူလျှို ၄၀၀ ကျော်ကိုဥရောပကနှင်ထုတ်

လန်ဒန်   နိုဝင်ဘာ   ၁၈

ရုရှားသူလျှိုဟုယူဆရသည့် ရာချီ သောလူများကို ဥရောပကနှင်ထုတ် လိုက်ကြောင်း ဗြိတိန်ပြည်တွင်းလုံခြုံ ရေးအကြီးအကဲက နိုဝင်ဘာ ၁၇ ရက် တွင် ပြောသည်။

ဗြိတိန်ထောက်လှမ်းရေးက သူလျှိုများဟု အစီရင်ခံထားသည့် လူပေါင်း ၄၀၀ ကျော်အပါအဝင် ရုရှားအရှာရှိ ၆၀၀ ကျော်ကိုဥရောပက နှင်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးအေဂျင်စီ MI5 ညွှန်ကြားရေးမှူးချုပ် မက်စ်ကောလင်း က ပြောသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် ဥရောပသမိုင်းတွင် ရုရှားထောက်လှမ်း ရေးများကိုနှင်ထုတ်လိုက်သည့်အထင် ရှားဆုံးဗျူဟာမြောက် ထိုးနှက်ချက် ဖြစ်ကြောင်း မစ္စတာမက်စ်ကောလင်း က ဆိုသည်။

ထို့ပြင် တရုတ်နှင့်အီရန်တို့၏ ခြိမ်းခြောက်မှုများကိုလည်း ထည့်သွင်း ပြောဆိုထားပြီးတရုတ်နိုင်ငံသည် နိုင်ငံရေးအခင်းအကျင်းထဲရှိ အထင် ကရ လွှတ်တော်အမတ်များကိုသာမက ပြည်သူများကိုပါ သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြောင်း ယင်းကပြော သည်။

(ref:NHK)






အခြားဆက်စပ်သတင်းများ