နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိကဓာတ်ငွေ့စီမံကိန်းအသစ်များကိုကန့်ကွက်

ရောမ  နိုဝင်ဘာ   ၁၈

အီဂျစ်သို့ရောက်ရှိနေသည့် ရာသီ ဥတုအရေးတက်ကြွလှုပ်ရှားသူများ သည် အာဖရိကတွင် ဆောင်ရွက်နေ သည့် ဂတ်စ်ထုတ်လုပ်ရေးစီမံကိန်းများ ကိုကန့်ကွက်နေကြပြီး ယင်းလုပ်ငန်း များအပေါ် ငွေကြေးပံ့ပိုးမှုများရပ်တန့် ရန်  အနောက်နိုင်ငံများကိုတောင်းဆိုနေကြောင်း သိရသည်။

အနောက်နိုင်ငံများသည် ယူကရိန်း အရေးကြောင့် ရင်ဆိုင်နေရသည့် စွမ်း အင် အကျပ်အတည်းကို ဖြေရှင်းရန်               အတွက် အာဖရိကတိုက်ရှိ သဘာ၀ ဓာတ်ငွေ့စီမံကိန်းများတွင် ငွေကြေးပံ့ပိုးမှုများလုပ်ဆောင်နေကြခြင်းဖြစ်သည်။

ယူဂန္ဓာ တက်ကြွလှုပ်ရှားသူ ဗန် နက်စ်ဆဲနာကာတေး ကမူ သိပ္ပံပညာ ရပ်အရ သတိပေးနေသည့်ကြားမှ ရုပ် ကြွင်းလောင်စာ အသုံးပြုရန်အားပေး ပြောဆိုနေသည့် ကမ္ဘာ့ခေါင်းဆောင် များကို ကန့်ကွက်ပြစ်တင်လျက်ရှိ သည်။

ကမ္ဘာ့ခေါင်းဆောင်များသည် ၂၀၁၅ ခုနှစ် ပဲရစ် ရာသီဥတုပြောင်းလဲမှုဆိုင် ရာသဘောတူညီချက်အရ ကမ္ဘာ့ အပူချိန်ကို ယခုရာစုနှစ်အကုန်တွင် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် ရောက် သည်အထိ လျှော့ချရန် သဘောတူညီ ခဲ့ကြသော်လည်း သိပ္ပံပညာရှင်များ ကမူ အဆိုပါ သတ်မှတ်ချက်သည် ဖြစ်နိုင်ဖွယ်မရှိကြောင်း သုံးသပ်ထား ကြသည်။

(ref:CNN)






အခြားဆက်စပ်သတင်းများ