နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားနှင့် တရုတ်နှစ်နိုင်ငံငွေကြေးလဲလှယ်မှုတိုးချဲ့ရန် သဘောတူ

ဗျူနိုအေးရိစ်   နိုဝင်ဘာ   ၁၈

အာဂျင်တီးနားနိုင်ငံသည် တရုတ် နိုင်ငံနှင့် ငွေကြေးလဲလှယ်မှုသဘော တူညီချက်ကိုကန်ဒေါ်လာ ၅ ဘီလီယံ အထိ တိုးချဲ့ရန် သဘောတူလိုက် ကြောင်း သမ္မတအယ်လ်ဘာတိုဖာနန် ဒက်ဇ်ကနိုဝင်ဘာ ၁၇ ရက်တွင် ပြော ကြားသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် အာဂျင်တီးနားသမ္မတတို့သည် ယင်းတို့၏ သဘောတူညီချက် တစ်စိတ် တပိုင်းအဖြစ် ဒေါ်လာ ၄၃ ဒသမ ၇၈၅ ဘီလီယံ မှ ၃၇ ဒသမ ၈၀၃ ဘီလီယံ အထိ ကျဆင်းသွားသည့် အာဂျင်တီးနားအစိုးရအရန်ငွေများကို တိုးမြှင့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

တရုတ်နှင့် ငွေကြေးလဲလှယ်မှု ကြောင့် ဗဟိုဘဏ် BCRA သည် နိုင်ငံ ခြား ငွေလဲလှယ်မှုဈေးကွက်တွင် ဝင်ရောက်ခွင့်ရရန် နှင့် ပြည်တွင်းပီဆိုငွေကိုအားကောင်းစေရန် နိုင်ငံခြားငွေ ပိုရလာမည်ဖြစ်ကြောင်း အာဂျင်တီးနား စီးပွားရေးဝန်ကြီးဆာဂီယိုမက်ဆာက ပြောသည်။

အရင်းအနှီးကိုတင်းကျပ်စွာ ထိန်း ချုပ်ထားသော်လည်း ယခုနှစ်ကုန်ပိုင်း တွင် ၁၀၀ ရာခိုင်နှုန်းထိပြန်ရောက် လာနိုင်သည့် ငွေကြေးဖောင်းပွမှုမှ အကာအကွယ်ရှာနေသည့် သွင်းကုန် လုပ်ငန်းရှင်များနှင့် ငွေစုသူများထံမှ ဒေါ်လာဝယ်လိုအားဆက်တိုက်များနေ ခြင်းကြောင့် BCRA ဗဟိုဘဏ်၏ အရန် ငွေပမာဏကျဆင်းသွားကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် အာဂျင်တီးနား၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပြီးအာဂျင်တီးနားပို့ကုန်များအတွက် ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

(ref:AP)






အခြားဆက်စပ်သတင်းများ