နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လကမ္ဘာစူးစမ်းမည့် အာကာသယာဉ်ငယ်နှင့် ဒုံးပျံကိုနာဆာ လွှတ်တင်

နယူးယောက်   နိုဝင်ဘာ   ၁၈

အမေရိကန်အာကာသစူးစမ်းရေးအေဂျင်စီ(နာဆာ)၏ ခေတ်ရှေ့အပြေး ဆုံး ဒုံးပျံတစင်းအားလကမ္ဘာကို စူး စမ်းရန် လွှတ်တင်လိုက်ပြီဖြစ်ကြောင်း နာဆာက နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။

Orion အာကာသယာဉ်ငယ်လေးကိုသယ်ဆောင်သွားသည့် Artemis ဒုံးပျံကို Florida ပြည်နယ်ရှိ Cape Canaveral အာကာသစခန်းမှ လွှတ် တင်လိုက်ခြင်းဖြစ်ပြီး အမေရိကန်က Apollo လကမ္ဘာစူးစမ်းရေးနောက်ဆုံးလုပ်ခဲ့ပြီးနောက် နှစ် ၅၀ အကြာတွင် လကမ္ဘာကိုအနီးကပ်ဆုံးလေ့လာရန် ယခုကဲ့သို့ လွှတ်တင်လိုက်ခြင်းဖြစ် သည်။

Artemis 1 လကမ္ဘာစူးစမ်းရေး ခရီးစဉ်အဖြစ် ဒုံးပျံလွှတ်တင်ရန်  ၂ ကြိမ်တိုင် ရွှေ့ဆိုင်းပြီးနောက် လွှတ်တင် နိုင်ခဲ့ခြင်းဖြစ်ပြီး Artemis ဒုံးပျံနှင့် ပါသွားသည့် Orion အာကာသ ယာဉ်ငယ်လေးသည် လကမ္ဘာနှင့် မိုင် ၄ သောင်းအကွာတွင် ၂၆ ရက်ကြာ သည်အထိလှည့်ပတ် လေ့လာပြီးပါ က ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက် လာမည်ဖြစ်သည်။ 

ယခု Artemis 1 ခရီးစဉ်တွင် အာကာသယာဉ်မှူးများ လိုက်ပါသွား ခြင်းမရှိသော်လည်း အာကာသယာဉ် မှူးပုံအရုပ် ၃ ရုပ်ပါသွားကာအာကာသယာဉ်မှူးများလိုက်ပါရန် စီစဉ်ထားသည့် Artemis 2 ခရီးစဉ်အတွက် ယခု ခရီးစဉ်သည် အရေးကြီးသည့် စမ်းသပ် မှုဖြစ်ကြောင်းနာဆာက ဆိုသည်။ 

(ref:Reuters)






အခြားဆက်စပ်သတင်းများ