နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေဇုန်ကော်ပိုရေးရှင်းတွင် ဝန်ထမ်း ၁၀,၀၀၀ ခန့် လျှော့ချရန် စီစဉ်

ဝါရှင်တန်   နိုဝင်ဘာ   ၁၈

အမေဇုန် နိုင်ငံတကာကော်ပိုရေးရှင်းအနေဖြင့် ယခုသီတင်းပတ်ကစပြီး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍနှင့် နည်း ပညာကဏ္ဍများရှိ ဝန်ထမ်းပေါင်း ၁၀,၀၀၀ ခန့်ကို ရာထူးကထုတ်ပယ်ရန် စီစဉ်နေကြောင်း သိရသည်။

ယင်းပမာဏသည် အမေဇုန်၏ အကြီးမားဆုံး ဝန်ထမ်းလျှော့ချမှုဖြစ်ပြီး အမေဇုန်ရှိဝန်ထမ်းများ၏ စုစုပေါင်း ၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အမေဇုန် လက် အောက်ရှိ ကဏ္ဍခွဲလုပ်ငန်းများအနေဖြင့် ဝန်ထမ်းများကိုပြန်လည်သုံးသပ်နေ ခြင်းကြောင့် အရေအတွက်ကိုခန့်မှန်း ပမာဏသာပြောနိုင်ကြောင်း သိရ သည်။

အွန်လိုင်းလက်လီရောင်းချသည့် အမေဇုန်လုပ်ငန်းစုအနေဖြင့် လုံခြုံ ရေးကင်မရာများအပြင် လူ့စွမ်းအား အရင်းအမြစ်နှင့် လက်လီရောင်းချ သည့် ဌာနခွဲများပါရှိနေပြီး ယင်းဌာန များရှိ စက်ပစ္စည်းအဖွဲ့အစည်းမှ ဝန်ထမ်းများကိုဖယ်ရှားရန် စီစဉ်နေ ခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုကဲ့သို့ အင်အားလျှော့ချမည့် အစီအစဉ်ကို ဝန်ထမ်းများအား အသိ ပေးရန် အမေဇုန်၏ အချိန်သတ်မှတ် ချက်ကို    ရှင်းလင်းစွာမသိရသေး ကြောင်း၊ သို့ရာတွင် အမေဇုန်နှင့် အခြား ကုမ္ပဏီများရင်ဆိုင်ကြုံတွေ့နေရသည့် မသေချာမရေရာသော မက်ခရိုစီးပွားရေးပတ်ဝန်းကျင် ကြောင့် ဝန်ထမ်းလျှော့ချခြင်းဖြစ် ကြောင်း သိရသည်။

(ref:Bloomberg)






အခြားဆက်စပ်သတင်းများ