နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ ကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝင်ပြိုင်မည်

ဝါရှင်တန်   နိုဝင်ဘာ   ၁၇

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု နိုဝင်ဘာ ၁၆ ရက်ကမာ-လာ-ဂိုစံအိမ်ကြီးတွင် ပြုလုပ်သည့် လူထုမိန့်ခွန်းတွင် ထုတ် ဖော်ပြောကြားလိုက်သည်။

အမေရိကန်တွင် သမ္မတလောင်း အဖြစ် ရွေးကောက်ပွဲဝင်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ တင်သွင်းခြင်းနှင့် ထရမ့်၏ ယခုကဲ့သို့ တရားဝင်ကြေညာခြင်းသည်ပြီးခဲ့ သည့် ရက်ပိုင်းကြားဖြတ်ရွေးကောက်ပွဲ စတင်ပြီးတစ်ပတ်အကြာတွင် ထွက် ပေါ်လာခြင်းဖြစ်သည်။

ရီပက်ဘလစ်ကန် သမ္မတ ဟောင်း ဖြစ်သူထရမ့်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် သမ္မတဂျိုးဘိုင်ဒင်ကိုရှုံးနိမ့်ပြီး နောက် အိမ်ဖြူတော်ကို နှုတ်ဆက် ထွက်ခွာခဲ့ရ ခြင်းဖြစ်သည်။

အသက် ၇၆ နှစ်အရွယ်ရှိ ကန် သမ္မတဟောင်းထရမ့်က နိုင်ငံ၏ အနှောင့်အယှက်များကို တားဆီးရန် အမေရိကန်သမ္မတလောင်းအဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း လူထုမိန့်ခွန်းတွင် ပြောဆိုထားသည်။

(ref:NHK)






အခြားဆက်စပ်သတင်းများ