နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်ဓာတ်ပုံဆရာရိုက်ကူးသော မိုးကြိုးဓာတ်ပုံကိုနာဆာက Picture of the Day အဖြစ် ရွေးချယ်

မက်ဒရစ်   နိုဝင်ဘာ   ၁၇

စပိန်ဓာတ်ပုံဆရာ Marc Sellés Llimós ရိုက်ကူးသည့် မိုးကြိုးဓာတ်ပုံ တစ်ပုံကိုအမေရိကန် အမျိုးသားလေ ကြောင်းနှင့် အာကာသဆိုင်ရာ ညွှန်ကြား မှုဦးစီးဌာန(နာဆာ)က Astronomy Picture of the Day ဓာတ်ပုံများအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံဆရာသည် ယင်း၏ ဇာတိ ဖြစ်သောစပိန်နိုင်ငံ Manlleu ရွာတွင် ညဖက်ကောင်းကင်အားဓာတ်ပုံများ ရိုက်ကူးနေစဉ် ပြင်သစ်နိုင်ငံအတွင်း မိုးကြိုးများပစ်နေခြင်းကို ဓာတ်ပုံမှတ် တမ်းတင်နိုင်ခဲ့သည် ဟုဆိုသည်။

ကင်မရာကို Exposure ၆ မိနစ် ထား၍ ထူးခြားကောင်းမွန်သော မှတ် တမ်းဓာတ်ပုံကိုရိုက်ကူးခဲ့ခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်ညပိုင်း က ရိုက်ကူးခဲ့သော ယင်းဓာတ်ပုံကို NASA က Astronomy Picture of the Day ဓာတ်ပုံအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ 

(ref:Bloomberg)






အခြားဆက်စပ်သတင်းများ