နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆီယံနှင့် ကုန်သွယ်မှု သြစတြေးလျ အဆင့်မြှင့်မည်

ဖနွမ်းပင်   နိုဝင်ဘာ   ၁၇

အာဆီယံနှင့် ပူးပေါင်းဆောင်ရွက် ထားသည့် လွတ်လပ်သောကုန်သွယ် မှုသဘောတူညီချက်ကို အဆင့်မြှင့်တင် မည်ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီး ချုပ် အန်တိုနီအယ်လ်နီးဇ်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောသည်။

AANZFTA အမည်ရှိ အဆိုပါ ကုန်သွယ်မှုသဘောတူညီချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစ တြေးလျ၊ နယူးဇီလန်တို့အကြားထား ရှိသည့် သဘောတူညီချက်တစ်ခု ဖြစ်ပြီး အကောက်ခွန်လျှော့ချရေးနှင့် ဝန်ဆောင်မှုပေးသွင်းသူများ အပါ အဝင် ရင်းနှီးမြှုပ်နှံသူများအတွက်ပါ ခိုင်မာမှုသေချာစေမည့် သဘောတူညီ ချက်တစ်ခုဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် အရှေ့တောင်အာရှနှင့် ၎င်းတို့၏ စီးပွား ရေးဆက်ဆံမှုချဲ့ထွင်ရာ၌ ဩစတြေးလျ စီးပွားရေးလုပ်ငန်းများအတွက် ခိုင်မာ သော အခြေခံအုတ်မြစ်ဖြစ်လာရန် အတွက် မျှော်လင့်ကြောင်း သိရသည်။

သဘောတူညီချက်တွင် အီလက် ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ် နည်းများနှင့် ကုန်သွယ်မှုလွယ်ကူချော မွေ့ရေး၊ ကုန်စည်ကုန်သွယ်မှု၊ မူလ စည်းမျဉ်းများ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတိုးမြှင့်ပြဌာန်း ချက်များ လည်းပါဝင်သည်ဟု ဆိုသည်။

(ref:CNN)






အခြားဆက်စပ်သတင်းများ