နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြှင့်ရထားလမ်းပူးတွဲစမ်းသပ်ရန် အသင့်ဖြစ်နေ

ဂျာကာတာ   နိုဝင်ဘာ   ၁၇

တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီး ရှားရှိ ဂျာကာတာ-ဘန်ဒေါင်းမြန်နှုန်း မြှင့်ရထားလမ်းအပိုင်းကို ပေါင်း စည်း ပြီး ပူးတွဲစမ်းသပ်ရန် အသင့်ဖြစ် နေကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မကြာမီရက်ပိုင်းက ဘန်ဒေါင်း မြို့ရှိ တီဂလောဘူတာရုံမှ တရုတ်နိုင်ငံ ထုတ်လျှပ်စစ်ရထားတွဲများအရှိန်အဟုန်ဖြင့် စမ်းသပ်မှုကို စတင်ပြု လုပ်ခဲ့ကာ ယင်းစမ်းသပ်မှုသည် ဂျာကာတာ-ဘန်ဒေါင်းမြန်နှုန်းမြှင့် ရထားလမ်းတွင် ပါဝင်သည့် ပါဝါထောက်ပံ့မှုကိရိယာများကိုပူးတွဲစမ်းသပ်မှုများဆက်တိုက်ပြုလုပ်သွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နည်းပညာများဖြင့် ဒီဇိုင်းထုတ်တည်ဆောက်ထားသည့် ဂျာကာတာ-ဘန်ဒေါင်းမြန်နှုန်းမြှင့် ရထားလမ်းသည် တစ်နာရီကီလိုမီတာ ၃၅၀ နှုန်းဖြင့် ခရီးနှင်နိုင်မည်ဖြစ်ပြီး မြို့တော် ဂျာကာတာနှင့် အနောက် ဂျာဗားပြည်နယ်မြို့တော် ဘန်ဒေါင်း ကြားခရီးသွားလာချိန် ၃ နာရီကြာမည့် အစားမိနစ် ၄၀ အထိ လျှော့ချပေးနိုင် မည်ဖြစ်ကာခရီးသွားပြည်သူများကို အချိန်ကုန်သက်သာစေမည် ဖြစ်သည်။

အဆိုပါ မြန်နှုန်းမြှင့်ရထားလမ်း စီမံကိန်းကို တရုတ်နိုင်ငံ၏ Belt and Road Initiative နှင့် အင်ဒိုနီးရှားနိုင်ငံ ၏ Global Maritime Fulcrum မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ် အသုံးပြုနိုင်မည်ဖြစ်သည်။

(ref:BBC)






အခြားဆက်စပ်သတင်းများ