နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယားတွင် မသန်စွမ်းသူများနှင့် အပျော်တမ်းကစားသမားများအားကစားပြိုင်ပွဲကျင်းပ

ပြုံယမ်း   နိုဝင်ဘာ   ၁၇

မြောက်ကိုရီးယားအစိုးရသည် မသန်စွမ်းသူများနှင့်  အပျော်တမ်းအား ကစားသမားများအတွက် ကျင်းပနေကျ ဖြစ်သည့် အားကစားပြိုင်ပွဲကို ဖွင့်လှစ် ပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာ ၁၆ ရက်တွင် ကြေညာသည်။

မြောက်ကိုရီးယားရှိ ကင်မ်အီလ် ဆွန်းတက္ကသိုလ် အားကစားရုံတွင် မသန်စွမ်းပြိုင်ပွဲဝင်များနှင့် အပျော်တမ်း အားကစားပြိုင်ပွဲဝင်သူများသည် စားပွဲတင်တင်းနစ်အပါအဝင် ကစား နည်းအချို့ကို ကစားနေကြပြီ ဖြစ်သည်။

ကိုရီးယားမသန်စွမ်းသူများအား ကစားအဖွဲ့၏ လေ့ကျင့်ရေးဝန်ထမ်း ဆွန်ဆိုလ်ဟွာက အဆိုပါ အားကစား ပြိုင်ပွဲများတွင် မသန်စွမ်းသူများအတွက် ဘဝပျော်ရွှင်မှုပေးစွမ်းနိုင်ပြီး အပျော် တမ်းအားကစားသမားများ၏ စွမ်းရည် များကိုအပြည့်အဝပြသနိုင်ရန် မျှော်လင့် ကြောင်းပြောသည်။

ဒီဇင်ဘာ ၁ ရက်အထိကျင်းပမည့် အဆိုပါ အားကစားပြိုင်ပွဲသည် မသန် စွမ်းသူများအတွက် အားကစားအပေါ် စိတ်ဝင်စားမှုမြှင့်တင်ရန်နှင့် အားကစား လှုပ်ရှားမှုအခြေအနေများကို သေချာ စေရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် စားပွဲတင်တင်းနစ်၊ တင်း နစ်၊ သေနတ်ပစ်နှင့်  လေးပစ်ဂိမ်းအပါ အဝင် အားကစားနည်းမျိုးစုံခွဲခြားထား ပြီး မသန်စွမ်းသူနှင့် အပျော်တမ်းကစား သူ ၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။         

(ref:Yahoo)






အခြားဆက်စပ်သတင်းများ