နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ကိုဗစ်ကူးစက်ခံရ

ဖနွမ်းပင်၊  နိုဝင်ဘာ  ၁၆

အင်ဒိုနီးရှားရှိ G – 20 ထိပ်သီး အစည်းအဝေးသို့တက်ရောက်နေစဉ် အတွင်း ကိုဗစ်ကူးစက်ခံထားရသည် ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာ ဟွန်ဆန်က ယင်း၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြောကြားပြီး အမိနိုင်ငံသို့ ပြန်သွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်က ကြေညာလိုက် သည်။

ဝန်ကြီးချုပ်သည် အင်ဒိုသို့မထွက် ခွာမီ နေ့စဉ် ကိုဗစ်စစ်ဆေးကြောင်း နှင့် မထွက်ခွာမီအချိန်ထိ ကိုဗစ်ကင်း စင်ကြောင်း၊ သို့ရာတွင် အင်ဒိုသို့ ရောက်ရှိပြီး ကိုဗစ်ထပ်မံစစ်ဆေးရာ တွင်မူ ယခုကဲ့သို့ ကိုဗစ်ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ကိုဗစ်ရှိနေကြောင်း သိရှိရသော် လည်း ထူးခြားသည့်လက္ခဏာမျိုး မရှိကြောင်း၊ ထို့ပြင် ဝန်ကြီးချုပ်သည် ပြင်သစ်သမ္မတစီစဉ်သည့် နိုင်ငံ့ခေါင်း ဆောင်အချို့နှင့် ညစာစားပွဲသို့ မတက်ရောက်ခဲ့ခြင်းကြောင့် အားလုံး အတွက် ကံကောင်းသွားသည်ဟု လည်း ယင်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဝန်ကြီးချုပ်အနေဖြင့် ကမ္ဘောဒီးယား သို့ပြန်မည်ဖြစ်ကာ ရောဂါလက္ခဏာ မပြင်းထန်သော်လည်း ဝန်ကြီးချုပ် အပြန်တွင် ကြိုဆိုခြင်းမျိုးမပြုလုပ်ရန် တားမြစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

   (ref: Reuters)






အခြားဆက်စပ်သတင်းများ