နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းကို ဒေါ်လာ ၈ ဘီလီယံကျော်တန်ဖိုးရှိလက်နက်များ အီးယူ ထောက်ပံ့

ဘရပ်ဆဲလ်၊  နိုဝင်ဘာ  ၁၆

ဥရောပသမဂ္ဂအဖွဲ့ (အီးယူ) နှင့် အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံ ကို ယူရို ၈ ဘီလီယံနှင့်ညီမျှသည့် ကန်ဒေါ်လာ ၈ ဒသမ ၂၇ ဘီလီယံ တန်ဖိုး ရှိသည့်လက်နက်များနှင့် စစ်ဘက် ဆိုင်ရာကိရိယာများကို ထောက်ပံ့ပေး အပ်လိုက်ကြောင်း အီးယူ၏ထိပ်တန်း သံတမန်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောသည်။

အဆိုပါပမာဏသည် ယူကရိန်း အစိုးရကို အမေရိကန်က ထောက်ပံ့ သည့်ပမာဏ၏ ၄၅ ရာခိုင်နှုန်းသာရှိ ကြောင်း အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ပ်ဘော်ရယ်က မြို့တော်ဘရပ်ဆဲလ်တွင် အီးယူအရာရှိ များနှင့်တွေ့ဆုံပြီးနောက် ပြောကြား သည်။

ယူကရိန်း ရုရှား ကျူးကျော်စစ်ပွဲ သည် ဘရပ်ဆဲလ်တွင် ဆွေးနွေးမှုများ ၏ အဓိကအကြောင်းအရာဖြစ်ပြီး ရုရှား အစိုးရနှင့်ညှိနှိုင်းရန် ယူကရိန်းအစိုးရ  ကို အနောက်နိုင်ငံများက အားပေး တိုက်တွန်းနိုင်ကြောင်း ထင်ကြေးပေး လျက်ရှိသည်။

လက်ရှိတွင် ယူကရိန်းပြည်သူများ အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာတွင် ရုရှားအသုံးပြုနေ သည့်လက်နက်များသည် အီရန်လက် နက်များဖြစ်ခြင်းကြောင့် ရုရှားကို လက်နက်ရောင်းချနေခြင်းများ ရပ်တန့် ရန် အီရန်ကို အီးယူအဖွဲ့က သတိပေး ထားကြောင်း သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ