နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းအား စစ်လျော်ကြေးပေးရန် ရုရှားကို ကုလသမဂ္ဂတောင်းဆို

ဂျီနီဗာ၊   နိုဝင်ဘာ   ၁၆

ယူကရိန်းကို ကျူးကျော်ဝင်ရောက် ခြင်းကြောင့် နိုင်ငံတကာဥပဒေကိုချိုး ဖောက်ခဲ့သည့် ရုရှားအား စစ်ပွဲ၏ နောက်ဆက်တွဲသက်ရောက်မှုအားလုံး ကို တာဝန်ယူခိုင်းမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာလ ၁၅ ရက်တွင် အတည်ပြု လိုက်သည်။

ယင်းကိစ္စများတွင် စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် အသက်ဆုံးရှုံးခဲ့ သူများအတွက် လျော်ကြေးငွေများပေး ဆောင်ရန်လည်း ပါဝင်မည်ဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ညီလာခံရှိ အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ် ၁၉၃ ဦးအနက် ၉၄ ဦး က ထောက်ခံမဲပေးထားပြီး ရုရှား၊ တရုတ်နှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက ဆန့်ကျင်မဲပေးကြကာ ဘရာဇီးလ်၊ အိန္ဒိယနှင့် တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၇၃ နိုင်ငံကမူ မဲမပေးဘဲ ကြားနေအဖြစ် ရပ်တည် ကြောင်း သိရသည်။

ရုရှား၏ လုပ်ရပ်ကြောင့် ယူကရိန်း ပြည်သူများနှင့် အစိုးရတို့ခံစားခဲ့ရ သော ပျက်စီးမှု၊ ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုဆိုင်ရာအချက်အလက်များကို မှတ် တမ်းတင်ရန်အတွက် ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများအား ယူကရိန်းနှင့်ပူးပေါင်း ကာ နိုင်ငံတကာမှတ်တမ်းတစ်ခု ဖန်တီး ရန် ညီလာခံတွင် အကြံပြုထားသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ