နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုလန်နိုင်ငံအတွင်း ရုရှားဒုံးကျည်ကျရောက် လူနှစ်ဦး သေဆုံး

ဝါဆော၊  နိုဝင်ဘာ  ၁၆

ရုရှားဘက်ကပစ်ခတ်လိုက်သည့် ဒုံးကျည်သည် ပိုလန်နိုင်ငံအတွင်း ကျရောက်ပြီး အနည်းဆုံး လူနှစ်ဦးသေဆုံး သွားကြောင်း အမေရိကန် ထောက်လှမ်း ရေးတာဝန်ရှိသူများက နိုဝင်ဘာ ၁၅ ရက် တွင် အတည်ပြုပြောကြားသည်။

ရုရှားဒုံးကျည်တစ်စင်းသည် ယူကရိန်း နယ်စပ်အနီးရှိ ပိုလန်မြို့ငယ်လေးတမြို့ ဖြစ်သည့် Przewodow မြို့ကို ကျရောက် သွားခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ ပိုလန်အစိုးရတာဝန်ရှိသူများ အနေဖြင့် အသေးစိတ် အတည်ပြုပြော ဆိုခြင်းမရှိကြောင်း သိရသည်။

ပိုလန်ဝန်ကြီးချုပ်ကမူ ယင်းအခြေ အနေနှင့်ပတ်သက်ပြီး ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကော်မတီ၏ အရေး ပေါ်အစည်းအဝေး ခေါ်ယူကျင်းပနေ ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ က တွစ်တာလူမှုကွန်ရက်တွင် ရေးသား ထားသည်။

ပိုလန်နိုင်ငံသည် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ နေတိုးအဖွဲ့အနေဖြင့် မည်သို့ တုံ့ပြန်မည်ဆိုသည်ကို မသိရသေး ကြောင်း အာဏာပိုင်များက ဆိုသည်။

   (ref: Reuters)






အခြားဆက်စပ်သတင်းများ