နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ရှိကြောင်း ကုလသမဂ္ဂကြေညာ

ဂျီနီဗာ၊  နိုဝင်ဘာ   ၁၆

ကမ္ဘာ့လူဦးရေသည် သန်းရှစ် ထောင် ပြည့်သွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Maria- Francesca Spatolisano က ကြေညာလိုက်သည်။

ကမ္ဘာတွင် လူဦးရေတိုးပွားမှု အများဆုံးဒေသသည် ဖွံ့ဖြိုးဆဲ အာဖရိကနိုင်ငံများဖြစ်ပြီး ယင်းတို့ အနက် နိုင်ဂျီးရီးယားနိုင်ငံသည် လူဦး ရေ ၂၁၈ သန်းကျော်ရှိရာမှ ၃၇၅ သန်း အထိတိုးလာကာ ကမ္ဘာ့လူဦးရေအများ ဆုံး အိန္ဒိယ၊ တရုတ်နှင့် အမေရိကန် နောက်တွင် စတုတ္ထမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်လာနိုင်ကြောင်း သိရသည်။

ထို့နောက် ကွန်ဂို၊ အီသီယိုးပီးယား၊ တန်ဇန်နီးယားနိုင်ငံများသည်လည်း လူဦးရေတိုးပွားနှုန်းများလာပြီး ယင်း ဒေသများတွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၅၀ ပြည့်နှစ်ကြား လူဦးရေတိုးပွားမှု နှစ်ဆ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

အာဖရိကအမျိုးသမီးတစ်ဦးသည် ပျမ်းမျှအားဖြင့် ကလေး လေးယောက် က ငါးယောက်အထိ မွေးဖွားနေပြီး လာမည့်နှစ်များတွင် တရုတ်နိုင်ငံ၏ လူဦးရေထက် ပိုများလာနိုင်ကြောင်း လည်း ခန့်မှန်းထားသည်။

ကမ္ဘာကြီးတွင်၂၀၃၀ ပြည့်နှစ် ရောက်ပါက ကမ္ဘာ့လူဦးရေသန်း ၈၅၀၀ အထိရှိလာနိုင်ပြီး ၂၀၅၀ ပြည့် ရောက်ပါက သန်း ၉၇၀၀ အထိဖြစ် လာနိုင်ကာ လူဦးရေတိုးပွားလာသည် နှင့်အမျှ လူသားတို့၏ အခြေခံလိုအပ် ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် စိန်ခေါ် မှုများလည်း ရှိလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ