နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူနေမှုဘဝနှင့် ဆက်နွှယ်သော ဆီးချို၊ သွေးချို ရောဂါကင်းစင်ရေး အသိပညာမြှင့်တင်ပေး

ဆီးချိုရောဂါသည် ကမ္ဘာပေါ်ရှိ လူဦးရေ ၅၃၇ သန်းကျော်ကို ဒုက္ခပေးလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်၏ ၂၀၂၁ ခုနှစ် ထုတ်ပြန်ချက်အရ လူ ၁၀ ဦးတွင် တစ်ဦး ဆီးချိုရောဂါ ဖြစ်ပွားနေပြီး ဆီးချိုသွေးချိုရောဂါဖြစ်ပွားနေသူဦးရေ တစ်ဝက်ခန့် သည် မိမိတို့တွင် ရောဂါရှိနေသည်ကို မသိရှိ‌ကြောင်း၊ ဆီးချို၊    သွေးချိုရောဂါဖြစ်ပွားသေဆုံးမှုနှုန်းသည် နှစ်စဉ်မြင့်မားလျက်ရှိပြီး ရောဂါကြောင့် သေဆုံးမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍များနေ သည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သတိပေးထား သည်။

မြန်မာနိုင်ငံတွင် အသက် ၂၀ မှ ၇၉ နှစ်အတွင်း လူဦးရေ နှစ်သန်းခန့် ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနိုင်ကြောင်း ခန့်မှန်း ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆီးချိုရောဂါ ပညာပေးကုသမှုဌာနများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ် ထားရှိပြီး ယင်းတို့အပြင် ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရ ကျန်းမာရေးဌာနများ၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုများ အခမဲ့ စစ်ဆေးကုသပေးလျက်ရှိသည်။

ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ရမည့်နည်းလမ်းများ နှင့် လေ့ကျင့်ခန်းများကို သင်ကြားပြသခြင်းများ၊ ကျန်းမာရေး အသိပညာပေးခြင်းများကို   ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း၊ ရေဆာလျှင် ရေကိုသာသောက်သုံးခြင်း၊ စိတ်သောက များကို တတ်နိုင်သမျှ လျှော့ချနိုင်သမျှ လျှော့ချနိုင်အောင် ကြိုးစား နေထိုင်ခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါကို ဘက်ပေါင်းစုံမှ ကာကွယ် ရန် လိုအပ်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်သော ကမ္ဘာ့ ဆီးချို၊ သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ "အနာဂတ်တွေ လှပဖို့၊ အသိပညာမြှင့်တင်လို့ ဆီးချိုရောဂါ ကာကွယ်စို့" ဖြစ်ပေရာ အရည်အသွေးပြည့်ဝသော ဆီးချို ပညာပေးလုပ်ငန်းများကို ကျန်းမာရေးပညာရှင်များအနေဖြင့် ဆီးချိုဝေဒနာရှင်များအကြား ကျယ်ပြန့်အောင်မြင်အောင် ဆောင်ရွက်ရေးသည် အရေးပါလျက်ရှိသည်။

လူတိုင်း လက်လှမ်းမီပြီး လွယ်လွယ်ကူကူရနိုင်ကာ ကျန်းမာ ရေးနှင့် ညီညွတ်သော စားသောက်ကုန်များကို ပိုမိုရရှိရေး ပြည်သူ တစ်ရပ်လုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ