နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုမည့် ဇိမ်ခံသင်္ဘောကြီးကို တရားဝင် မိတ်ဆက်

ဒိုဟာ၊ နိုဝင်ဘာ   ၁၅

ကာတာနိုင်ငံ ဒိုဟာမြို့ဆိပ်ကမ်း တွင် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ကာလ အတွင်း ရေပေါ်ဟိုတယ်အဖြစ်အသုံးပြု မည့် အဆင့်မြင့်  ဇိမ်ခံသင်္ဘောကြီး MSC World Europa ကို နိုဝင်ဘာ ၁၄ ရက်က တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

အီတလီ    ကမ္ဘာလုံးဆိုင်ရာ အပျော်စီး သင်္ဘောလိုင်း  MSC  Cruises က ပိုင်ဆိုင်သည့်     နောက်ဆုံးပေါ် သင်္ဘောကြီး MSC World Europa ၏ တရားဝင် အမည်ပေးအခမ်းအနားကို ဒိုဟာမြို့ ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါသင်္ဘောကြီးတွင် အထပ်ပေါင်း ၂၂ ထပ်၊ အခန်းပေါင်း ၂၆၂၆ ခန်း နှင့် ဧည့်သည်ပေါင်း ၆၇၆၂ ဦးအထိ လိုက်ပါ   စီးနင်းနိုင်မည်ဖြစ်သည့် အပြင် အားကစားလေ့ကျင့်ရေးရုံများ၊ ရုပ်ရှင်ရုံများနှင့်   အခြားအပန်းဖြေ ဝန်ဆောင်မှုများလည်း ပါဝင်ကြောင်း သိရသည်။ 

ထို့ပြင် MSC World Europa ဇိမ်ခံသင်္ဘောကြီးသည် CO2 ထုတ် လွှတ်မှုနှင့်ပတ်သက်ပြီး   ကမ္ဘာ့                   စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ပြီး သင်္ဘောခုတ်မောင်းနိုင်ရန်အတွက် အသန့်ရှင်းဆုံး  ရုပ်ကြွင်းလောင်စာ LNG ကို အသုံးပြုထားကြောင်း သိရ သည်။

အလားတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း MSC သင်္ဘောလိုင်း၏ အခြား ဇိမ်ခံသင်္ဘော ၂ စင်းလည်း ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုရန် ဒိုဟာမြို့သို့ ခုတ်မောင်းလာနေပြီး ရေပေါ်ဟိုတယ်၏ အခန်းခများအဖြစ် တစ်ညလျှင် အမေရိကန်ဒေါ်လာ ၂၂၀ မှ ၄၆၉ ဒေါ်လာအထိ သတ်မှတ် မည်ဖြစ်ကြောင်း သိရသည်။

ရဲခေါင် (ref: Yahoo)







အခြားဆက်စပ်သတင်းများ