နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စလိုဗေးနီးယားတွင် ပထမဆုံးအမျိုးသမီး သမ္မတ ထွက်ပေါ်

လူဘလီယာနာ၊  နိုဝင်ဘာ   ၁၅

အလွတ်တန်းရှေ့နေ နာတာဆာမူဆာ သည် နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သော စလိုဗေးနီးယားသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရပြီး  နိုင်ငံ၏ပထမဆုံး အမျိုးသမီး သမ္မတအဖြစ်   ထွက်ပေါ်လာကြောင်း ကနဦး မဲရလဒ်များအရ သိရသည်။

ဆန္ဒမဲ  ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီး အခြေခံသည့် ရွေးကောက်ပွဲကော်မရှင် အချက်အလက်များအရ အသက် ၅၄ နှစ်အရွယ် မူဆာသည် မဲစုစုပေါင်း ၅၃ ဒသမ ၈၆ ရာခိုင်နှုန်းရရှိကာ အနိုင်ရခြင်းဖြစ်ပြီး ယင်း၏ ပြိုင်ဘက် လက်ယာယိမ်း နိုင်ငံရေး သမားနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်ဇေလိုဂါကို အနိုင်ယူလိုက်ခြင်းဖြစ် သည်။

သြဇာကြီးသော ရှေ့နေတစ်ဦးဖြစ် သည့် ရုပ်သံတင်ဆက်သူဟောင်း မူဆာ သည် မဲဆွယ်စည်းရုံးစဉ်က လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  လူမှု ဖူလုံရေး ကိစ္စရပ်များအတွက် အသား ပေးပြောကြားခဲ့ကာ ယင်း၏ အောင်ပွဲခံ မိန့်ခွန်းတွင်မူ ရာသီဥတု ပြောင်းလဲမှု ပြဿနာကို  ဦးစားပေး  ထည့်သွင်း               ပြောကြားကြောင်း သိရသည်။

စလိုဗေးနီးယားနိုင်ငံတွင်  သမ္မတ ရာထူးသည် အများအားဖြင့် နာမည်ခံ အာဏာပိုင်သာဖြစ်သော်လည်း လက်နက် ကိုင် တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်ပြီး ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးအပါအဝင် ထိပ်တန်းအရာရှိ အများအပြားကိုလည်း အမည်စာရင်း တင်သွင်းပိုင်ခွင့်ရှိကာ အဆိုတင်သွင်းမှု အများစုကို လွှတ်တော်က အတည်ပြုရကြောင်း သိရသည်။

ရဲခေါင် (ref: Reuters)






အခြားဆက်စပ်သတင်းများ