နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်လေကြောင်း စွမ်းရည်ပြပွဲတွင် လေယာဉ်နှစ်စင်း တိုက်မိ၊ လူ ခြောက်ဦး သေဆုံး

တက္ကဆက်၊  နိုဝင်ဘာ   ၁၅

တက္ကဆက်ပြည်နယ်တွင် ကျင်းပ သော ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် လေကြောင်းပြပွဲ၌    ခေတ်ဟောင်း စစ်လေယာဉ်နှစ်စင်း စွမ်းရည်ပြ ပျံသန်းစဉ် တိုက်မိပြီး မြေပြင်ပေါ်သို့ ပျက်ကျရာ လူ ၆ ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၁၄ ရက်တွင် ပြောသည်။

တိုက်မိသော လေယာဉ်နှစ်စင်းသည် ဘိုရင်း ဘီ-၁၇ ဖလိုင်းရင်း ဖောထရက်စ်နှင့် ဘဲလ် ပီ-၆၃ ကင်းကိုဘရာ လေယာဉ် အသေးတစ်စင်းတို့ ဖြစ်သည်။

ဘီ-၁၇ တွင် ပုံမှန်အားဖြင့် အဖွဲ့ဝင် လေးဦးမှ ငါးဦးအထိ ပါဝင်လေ့ရှိသော်လည်း ပီ-၆၃ တွင်မူ လေယာဉ်မှူး တစ်ဦးကသာ မောင်းနှင်ရကြောင်း ဂုဏ်ပြုလေတပ် - CAF ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

ထိုသို့သော ပြပွဲများ၌ မောင်းနှင်ရသည့် လေယာဉ်မှူးများသည် စေ့စပ်သေချာစွာ လေ့ကျင့်ယူထားသော  အတွေ့အကြုံ ရှိ စေတနာ့ဝန်ထမ်းများဖြစ်ပြီး အငြိမ်းစား ယူထားသော စစ်ဘက်လေယာဉ်မှူးများ လည်းမကြာခဏဆိုသလို ပါဝင်လေ့ရှိ ကြောင်း ၎င်းကဆိုသည်။

ရဲခေါင် (ref: CNA)






အခြားဆက်စပ်သတင်းများ