နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နှင့် တောင်ကိုရီးယား ပထမဆုံးထိပ်သီးဆွေးနွေးပွဲ ကျင်းပ

ဖနွမ်းပင်၊  နိုဝင်ဘာ   ၁၅

မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်မှုများကြောင့် ဂျပန်ဝန်ကြီး ချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့ သည် သုံးနှစ်နီးပါး ကာလအတွင်း ပထမဆုံးအကြိမ် တရားဝင်ထိပ်သီးအစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၁၄ ရက်က ကျင်းပကြောင်း သိရသည်။

ကမ္ဘောဒီးယား၌  ကျင်းပနေ သည့် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ၎င်းတို့ နှစ်ဦးသည် သီးခြားတွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်ပြီး   မြောက် ကိုရီးယား၏ လက်နက်ခြိမ်းခြောက်မှု အတွက် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း ပြောကြားသည်။

၎င်းတို့ နှစ်ဦးသည်  မြောက် ကိုရီးယား အရေးအပြင် လွတ်လပ် ပွင့်လင်းသော အင်ဒို - ပစိဖိတ်ဒေသ ကိုပါ  အကောင်အထည်ဖော်ရန် အတူတကွ   လုပ်ဆောင်သွားမည်  ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဆိုသည်။

ဂျပန်ဝန်ကြီးချုပ်   ကီရှီဒါနှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆက် ယိုလ်တို့သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်လည်း   တွေ့ဆုံကာ မြောက်ကိုရီးယားအရေးကို  အဓိက ထား၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ထားပြီး ယခုကဲ့သို့နိုင်ငံ အချင်းချင်း ပူးပေါင်း   ဆောင်ရွက်မှုများသည် မြောက်ကိုရီးယားတွင် နျူကလီယား လုံးဝကင်းစင်ရေးအတွက် ထိရောက် စွာ အရေးယူမှုများပြုလုပ်ရန် ကြိုးပမ်း ခြင်းဖြစ်ကြောင်း သိရသည်။

ရဲခေါင် (ref : Nikkei Asia)






အခြားဆက်စပ်သတင်းများ