နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဖြတ်ရောဂါကာကွယ် ပြန်လည်ထူထောင်ရေး ကြိုးပမ်း

သွေးတိုးရောဂါသည် အသက် ၄၀ ကျော်လာသည့် လူကြီး အတော်များများတွင် ဖြစ်လေ့ရှိသောရောဂါဖြစ်သည်။ သွေးတိုး ရောဂါဟုဆိုသဖြင့် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသော သွေး လွှတ်ကြော၊ သွေးပြန်ကြောများ တိုးပွားလာခြင်း မဟုတ်ပါ။ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးရောက်ရှိစေရန် နှလုံးမှသွေးကို ညှစ်ပို့ရသည်။ ညှစ်ပို့ရသော သွေးဖိအားသည် ပုံမှန်မဟုတ်တော့ ဘဲ ပုံမှန်ထက် ပို၍တိုးလာခြင်း၊ သွေးပိုညှစ်သည့် ဖိအားတိုးလာ ခြင်းကို သွေးတိုးရောဂါဟု ခေါ်သည်။

သွေးတိုးခြင်း၏ နောက်ဆက်တွဲအဖြစ် လေဖြတ်ခြင်းကြောင့် ကမ္ဘာပေါ်တွင် လေးစက္ကန့်တိုင်းတွင် လူတစ်ဦး မသန်စွမ်းဘဝသို့ ရောက်လျက်ရှိသည်ဟု ဆိုသည်။ သွေးတိုးကြောင့် လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ အသက်သေဆုံးရသူများရှိသည်။ လေဖြတ်ရောဂါသည် ဦးနှောက်သို့ သွေးသွားလာစီးဆင်းမှု ရပ်ဆိုင်းသွားခြင်း (သို့မဟုတ်) လျော့နည်းသွားရခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်သည်။

လေဖြတ်ရောဂါအမျိုးအစားကြီး နှစ်မျိုးရှိပြီး ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်သည့် ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေးပမာဏကို မရရှိပါ က အဆိုပါဦးနှောက်အစိတ်အပိုင်းနှင့် သက်ဆိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်း၏ လုပ်ငန်းများရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါ လက္ခဏာဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မိတ်ဆွေတစ်ဦး နောက်စေ့တွင် သွေးခဲ ပြီး ဘယ်လက်အခြမ်းလှုပ်မရသည့် လေဖြတ်ဝေဒနာခံစားရသည် ကို စိတ်မကောင်းဖွယ် တွေ့မြင်ရသည်။ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။ လေဖြတ် ရောဂါကြိုတင်ကာကွယ်နိုင်ရန် သွေးပေါင်မှန်မှန်ချိန်ခြင်း၊ အချို၊ အဆီ၊ အငန်ဓာတ်လွန်ကဲသော အစားအသောက်များကို ရှောင်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သင့်သည်။

လေဖြတ်မှုများတွင် အသက် ၂၀ မှ ၆၄ နှစ်ကြား သက်လတ် ပိုင်းများသည် ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သော နှစ် ၂၀ ကထက် ပိုမိုမြင့်တက်လာကြောင်း သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။ အရွယ်ငယ် သက်လတ်ပိုင်းများတွင် လေဖြတ်ခြင်းများသည် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့ရာ လေဖြတ်သည့်ဘေးမှ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် လေဖြတ်ရောဂါဘေးမှ ကာကွယ် စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ