နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆီယံစီးပွားရေးအတွက် ဂျပန်ကချေးငွေဘီလျံချီ၍ ပံ့ပိုးမည်

ဖနွမ်းပင်   နိုဝင်ဘာ   ၁၄

အာဆီယံစီးပွားရေးအတွက် ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၁၀၀ နှင့်ညီမျှသည့် ဂျပန်ယန်း ငွေ ၂၉၅ ဘီလီယံကိုပံ့ပိုးပေးမည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောကြားလိုက်သည်။

အာဆီယံနိုင်ငံများစီးပွားရေး ပြန် လည်နလံထူလာစေရန် အကူအညီ ပေးသည့်အနေဖြင့် အာဆီယံအလုံးစုံ ပြန်လည်တည်ဆောက်ရေးမူဘောင် ဆိုင်ရာ CRF အတွက် ယန်းငွေ ၂၉၅ ဘီလီယံကိုချေးငွေချထားပေးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ကီရှီဒါက ပြောကြားလိုက်ခြင်းဖြစ်သည်။

ကမ္ဘာတလွှား ကိုဗစ်ကပ်ရောဂါ ကြောင့် ကျဆင်းနေသည့်စီးပွားရေးကို ပြန်လည်ကောင်းမွန်ရန်လုပ်ဆောင် နေချိန်တွင် ယူကရိန်းကို ရုရှားကျူး ကျော်ခြင်းကြောင့် လောင်စာဆီနှင့် စားသောက်ကုန်ဈေးများ မြင့်တက် လာကာအခက်အခဲများကြုံနေရခြင်း ကို အထောက်အကူဖြစ်စေရန် ပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်နှင့် အာဆီယံဆက်ဆံရေး သည်လာမည့်  ၂၀၂၃  ခုနှစ်တွင် နှစ် ၅၀ ပြည့်မည်ဖြစ်ပြီး ဂျပန်သည် အင်ဒို-ပစိဖိတ်ဒေသအတွက်သာမက အာဆီယံအတွက်ပါ ကူညီထောက်ပံ့မှု များပေးမည် ဖြစ်ကြောင်းဝန်ကြီးချုပ် ကီရှာဒါက ထပ်လောင်းပြောဆိုသည်။

(ref:NHK)






အခြားဆက်စပ်သတင်းများ