နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆီယံကိုနှစ်ဆတိုးကူညီမည်ဟု အမေရိကန်ပြော

ဖနွမ်းပင်   နိုဝင်ဘာ   ၁၄

ဒေသတွင်းအစုအဖွဲ့များအကြား တရုတ်နိုင်ငံ၏  အင်အားကြီးထွား လာမှုကိုတန်ပြန်ရန်  အမေရိကန် ပြည်ထောင်စုအနေဖြင့် အာဆီယံနှင့် ဆက်ဆံရေးတိုးမြှင့်ကာ အကူအညီများ ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်း ကန်သမ္မတဂျိုးဘိုင်ဒင်ကကတိပြုပြောကြားလိုက်သည်။

အမေရိကန်နှင့် အာဆီယံတို့သည် ၎င်းတို့၏ဆက်ဆံရေးကိုဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဖြစ်မြှင့်တင်ထားပြီး ရာသီဥတု ပြောင်းလဲမှုလျော့ပါးရေး နယ်ပယ်များ တွင် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင် မည်ဖြစ်ကြောင်း ကတိပြုထားသည်။

သမ္မတဂျိုးဘိုင်ဒန်သည် အရှေ့ တောင်အာရှသို့ ပထမဆုံးလာရောက် ခြင်းဖြစ်ပြီး    ဝါရှင်တန်အနေဖြင့် အာဆီယံသို့ချဉ်းကပ်ရာတွင် အပြော သက်သက်မဟုတ်ဘဲ သက်ဆိုင်ရာ အကူအညီများပေးကာထောက်ပံ့မှုများ နှင့်အတူ ချဉ်းကပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ဖြူတော်၏ ထုတ်ပြန် ချက်အရ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်သည် အာဆီယံမိတ်ဖက်များထံသို့ ကန်ဒေါ် လာသန်း ၈၆၀ ကျော် အကူအညီပေး ထားကာ အဆိုပါ အကူအညီသည် သန့်ရှင်းသော စွမ်းအင်အသွင်ကူး ပြောင်းရေး၊ ပညာရေး၊ ခိုင်မာသော ကျန်းမာရေးစနစ်များ၊ လုံခြုံမှု မြင့်မားရေးကြိုးပမ်းမှုများ၊ တရား ဥပဒေစိုးမိုးရေးအပါအဝင် လူ့အခွင့် အရေးနှင့် အခြားအရာများအတွက် ရည်ရွယ်ကြောင်း သိရသည်။

(ref:AP)






အခြားဆက်စပ်သတင်းများ