နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာကျော် ဝေါဒစ်စနေးကုမ္ပဏီတွင် လုပ်သားသစ်ခေါ်ယူမှုများရပ်ဆိုင်း

အော်လန်ဒို   နိုဝင်ဘာ   ၁၄

စီးပွားရေးမသေချာမရေရာမှု ကြောင့် ဝန်ဆောင်မှုလုပ်ငန်းအား အမြတ်အစွန်းရရှိရန် ကြိုးပမ်းနေရ သဖြင့် ကမ္ဘာကျော် ဝေါဒစ်စနေးကုမ္ပဏီ သည် လုပ်သားသစ်ခန့်အပ်မှုကိုရပ်တန့် ကာ လက်ရှိဝန်ထမ်းအချို့ကို လျှော့ချ ရန် စီစဉ်နေကြောင်း သိရသည်။

၎င်းတို့ကုမ္ပဏီတွင် ဝန်ဆောင်မှု သည် ဘဏ္ဍာရေးနှစ်စတုတ္ထသုံးလပတ် အတွင်းစာရင်းသွင်းသူ ၁၂ သန်းတိုးလာသော်လည်းဝင်ငွေအရအမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါးဆုံးရှုံးနေ ကြောင်းကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လေ့လာသုံးသပ်သူများ၏ ပြော ကြားချက်အရဒစ်စနေးသည် ထုတ် လွှင့်မှုကုန်ကျစရိတ်များမြင့်တက်လာ ခြင်းကြောင့် ဝန်ထမ်းလျှော့ချရခြင်း ဖြစ်ကြောင်း၊အလားတူဖေ့စ်ဘွတ်၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ကုမ္ပဏီ သည်လည်း ယခုရက်ပိုင်းအတွင်း ဝန်ထမ်းအင်အား ၁,၁၀၀၀ ကျော်ကို ကုန်ကျစရိတ်အတွက် လျှော့ချနေ ကြောင်း သိရသည်။

ဒစ်စနေးအနေဖြင့် ဝန်ထမ်းအင် အားနှင့် ကြော်ငြာစရိတ်ကို လျှော့ချ ရန် ကြိုးပမ်းနေသော်လည်း ၎င်းတို့၏အရည်အသွေးကိုမူအလျော့ခံမည်မဟုတ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ကပြောသည်။

အသုံးစရိတ်လျှော့ချသည့်အနေဖြင့် အလုပ်ကိစ္စနှင့်ခရီးထွက်ခြင်းများကို တတ်နိုင်သမျှ လျှော့ချကာမဖြစ်မနေ ထွက်ရပါက ခွင့်ပြုချက်ကြိုတင်ရယူရမည်ဖြစ်ပြီး အတတ်နိုင်ဆုံးအွန်လိုင်း ဆွေးနွေးမှုပုံစံဖြင့်သာ ဆောင်ရွက်သွား မည်ဟု ဆိုသည်။            

(ref:Reuters)






အခြားဆက်စပ်သတင်းများ