နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးလ်၌ အောက်တိုဘာလအတွင်း သစ်တောပြုန်းတီးမှု စံချိန်သစ်တင်

ဘရာဇီးလ်   နိုဝင်ဘာ   ၁၄

ဘရာဇီးလ်နိုင်ငံ အမေဇုန်မိုးသစ် တောတွင် အောက်တိုဘာအတွင်း သစ်တော ၉၀၄ စတုရန်းကီလိုမီတာ ပျက်စီးခဲ့ပြီး စံချိန်သစ်တင်နေကြောင်း နိုဝင်ဘာ ၁၃ ရက်က သတင်းထုတ် ပြန်သည်။

DETER ဂြိုဟ်တုလေ့လာရေးစနစ် ၏ တွေ့ရှိချက်အရ ၂၀၂၁ ခုနှစ် အောက် တိုဘာလနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့ အကြီးဆုံးအပူပိုင်းမိုးသစ်တော၏ သစ်တောပြုန်းတီးမှုဧရိယာသည် သုံး ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။

DETER က အမေဇုန်ကို စောင့် ကြည့်လာချိန်များအတွင်း ၂၀၂၂ ခုနှစ် သည် အမေဇုန်သစ်တောပြုန်းတီးပျက် စီးမှု အဆိုးရွားဆုံးနှစ်ဖြစ်နေကြောင်း၊ ယခုကဲ့သို့ နှိုင်းယှဉ်မှုများပြုလုပ်နိုင် ရန် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလ များကတည်းက သစ်တောပြုန်းတီး မှုပမာဏကို မှတ်တမ်းတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က စုစု ပေါင်း သစ်တောပြုန်းတီးမှုစတုရန်း ကီလိုမီတာ ၉,၂၀၀ ရှိခဲ့ပြီး ယခုနှစ်တွင် စတုရန်းကီလိုမီတာပေါင်း ၉,၅၀၀ နီးပါးပျက်စီးခဲ့သည်ဟု ဖော်ပြထား သည်။

လက်ရှိသမ္မတ Lula ကလည်း သစ်တောပြုန်းတီးမှုနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားထားပြီး အီဂျစ်တွင် ကျင်းပ နေသော COP 27 သို့လည်းတက်ရောက် မည်ဖြစ်ကြောင်း ပြောသည်။

(ref:The Guardian)






အခြားဆက်စပ်သတင်းများ