နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူဓာတ်အားပေးစက်ရုံ သုံးခု ဆက်လက်လည်ပတ်ရန် အတည်ပြု

ဘာလင်  နိုဝင်ဘာ   ၁၄

ဂျာမနီပါလီမန်အမတ် များသည် လက်ကျန်နျူဓာတ်အားပေး စက်ရုံ ၃ ခုကို လာမည့်ဧပြီလလယ်အထိ ဆက်လက် လည်ပတ်မည့်အစီစဉ်ကို နိုဝင်ဘာ ၁၃ ရက်က အတည်ပြုပေး လိုက်ပြီဖြစ်သည်။

မူလကအဆိုပါ ဓာတ်အားပေး စက်ရုံများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးတိုင်ရပ်ဆိုင်းရန်စီစဉ်ထား သော်လည်းလက်ရှိတွင် သက်တမ်း တိုးရန် သဘောတူလိုက်ခြင်းဖြစ်သည်။ လက်ကျန်နျူကလီယားဓာတ်အား ပေး စက်ရုံ ၃ ခုဆက်လက်လည်ပတ် ရန်အတွက် အောက်လွှတ်တော် ပါလီမန်က အတည်ပြုပေးလိုက်ခြင်း ဖြစ်ပြီး ယင်းသို့ သက်တမ်းတိုးရန် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးဇ်က သက်ဆိုင်ရာ ကက်ဘိနက်ဝန်ကြီး များကို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယူကရိန်းအရေးကြောင့် စွမ်းအင် လိုအပ်ချက် မြင့်မားနေသည့်အတွက် ယခုဆောင်းကာလအတွင်းစွမ်းအင် ပြတ်တောက်မည့်အရေးတားဆီးနိုင် ရန် ယခုကဲ့သို့  ဆုံးဖြတ်ချက်ချမှတ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း အာဏာ ပိုင်များက ပြောကြားထားသည်။

(ref:AFP)






အခြားဆက်စပ်သတင်းများ