နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တော် အပေါက်ဝတိုက်နယ်ဆေးရုံ မြို့ပေါ်ကိုအရေးပေါ်ပြောင်းရွှေ့

ကျောက်တော် ဇွန် ၁၃


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ တိုက်နယ်ဆေးရုံကိုလုံခြုံရေး စိတ်မချရခြင်း ကြောင့်  ဇွန် ၁၂ ရက်  မွန်းလွဲပိုင်းတွင်ကျောက်တော်မြို့ပေါ်ကိုအရေးပေါ်ပြောင်းရွှေ့လိုက်ရကြောင်းသိရသည်။


အဆိုပါ ဆေးရုံအနီးတွင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကိုစိုးရိမ်ခြင်းကြောင့် မြို့ပေါ်ဆေးရုံကြီးကိုပြောင်း ရွှေ့လိုက်ရခြင်းဖြစ် ကြောင်းအပေါက်ဝတိုက်နယ် ဆရာဝန် ဒေါက်တာကျော်စွာဝင်းကပြောသည်။


လက်ရှိအပေါက်ဝတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်း ၁၃ ဦးနှင့် တက်ရောက် ကုသနေသည့် လူနာသုံးဦးရှိပြီးအားလုံးကို မြို့ပေါ်ဆေးရုံကိုပြောင်းရွှေ့လိုက်ရခြင်းဖြစ်ကြောင်းဆိုသည်။


အပေါက်ဝကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၈ ရက်မှ  ၁၀ ရက်အထိလက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ဒေသခံလူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


အပေါက်ဝတိုက်နယ် ဆရာဝန် ဒေါက်တာကျော်စွာဝင်းက “ လုံခြုံရေးစိတ်ချရတဲ့အချိန်ကျမှ တိုက်နယ် ဆေးရုံကို ပြန်ကြမှာ ဖြစ်တယ်”ဟုပြောကြားခဲ့သည်။   


 မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ