နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ကပ်ရောဂါသည် လူနာများအတွက် ကဖင်းဓာတ်မှာ အသက်ပိုရှည်စေနိုင်

ဇွန် ၁၃


သုတေသီများက ကဖင်းဓာတ်သည် ကျောက်ကပ်ရောဂါသည်လူနာ (Chronic Kidney Disease - CKD) များ အသက်ရှည်ရှည်နေနိုင်ရန် ကူညီပေးနိုင်ကြောင်း ဆိုထားသည်။


CKD သည် အမေရိကန်နိုင်ငံတွင် သေပျောက်မှုအများဆုံးသောရောဂါများထဲမှ တစ်ခုဖြစ်သည်။ သို့သော် လေ့လာမှုအသစ်များအရ CKD လူနာများကို အသက်ရှင်နိုင်စွမ်းမြင့်မားလာစေသည့် နည်းလမ်းတစ်ခုကို အကြံပြုခဲ့ကြသည်။ အဆိုပါနည်းလမ်းမှာ ကဖင်းဓာတ်များများသုံးစွဲရန်ဖြစ်သည်။ တွေ့ရှိချက်များအရ ကဖင်းဓာတ်မြင့်မားစွာသုံးစွဲသည့် CKD လူနာများမှာ သေဆုံးနိုင်ခြေကို လေးပုံတစ်ပုံအထိ လျှော့ချနိုင်သည်ကို တွေ့ရသည်။


CKD ဆိုသည်မှာ ပိုမိုဆိုးလာတတ်သည့် ရောဂါအခြေအနေတစ်ခုဖြစ်ပြီး အဆိုပါရောဂါမှာ ကျောက်ကပ်များသည် သွေးထဲမှ ရေနှင့် အခြားစွန့်ပစ်ရမည့်ပစ္စည်းများကို စစ်ထုတ်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာသည်။ အချိန်ကြာလာသည့်အခါ ကျောက်ကပ်လုံးဝပျက်စီးသွားပြီး ကျောက်ကပ်အစားထိုးမှု၊ ကျောက်ကပ်ဆေးခြင်းများမှာ နောက်ဆုံးရွေးချယ်စရာ ကုသမှုများဖြစ်လာသည်။


လေ့လာမှု အများအပြားပြုလုပ်ပြီးသည့်နောက်တွင် ကဖင်းဓာတ်သည် CKD ကြောင့် သေဆုံးရမှုကို ၂၄ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း သုတေသီများက ဆိုထားသည်။ သုတေသီများသည် CKD ရှိသည့် လူနာ ၂,၃၂၈ ဦးထံမှ အချက်အလက်များကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်သည်။                               


 (သူရိန်)






အခြားဆက်စပ်သတင်းများ