နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးအသိနှင့် စိတ်ရွှင်လန်းရာ လမ်းလျှောက်ပါ

 ကျန်းမာရေးကိုလိုက်စားရာတွင် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု(သို့မဟုတ်)လမ်းလျှောက်ခြင်းပြုလုပ် ခြင်းပင်ဖြစ်၏။ လမ်းလျှောက်ခြင်းကို နေ့စဉ်နာရီဝက်ခန့် လျှောက်သင့်သည်ဟု ပညာရှင်တို့ကဆိုသည်။ လမ်းလျှောက် ခြင်းကြောင့် ကြွက်သားများကို သန်မာအားကောင်းစေသည်။ အရိုးအဆစ်တို့ကို သန်မာစေနိုင်သည်။ ထို့ကြောင့် လမ်း များများလျှောက်ခြင်းသည် သက်ရှည်ကျန်းမာစေရန် နည်းလမ်းကောင်းတစ်ခုပင်ဖြစ်၏။ ကျန်းမာရေးအတွက် အစားအသောက်၊ လူနေမှုပုံစံနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်လိုအပ်သည်။ ယနေ့ကာလ တွင် Gym အားကစားခန်းမများ များပြားစွာရှိရာ အချိန် သတ်မှတ်လေ့ကျင့်ခန်းများဆောင်ရွက်နိုင်သည်။ နည်းပညာ များတိုးတက်လာသည်နှင့်အမျှ လူနေမှုပုံစံများလည်း ပြောင်းလဲလာသည်။ လူတစ်ဦးတစ်ယောက်၏အိပ်ချိန် ၆ နာရီမှ ၈ နာရီအနားယူအိပ်စက်ရန်ဖြစ်သော်လည်း ပြောင်းလဲ လာကြသည်။ အိပ်ချိန်ပြောင်းလဲလာမှုကြောင့် ရေရှည် ကျန်းမာရေးထိခိုက်သည်ကို သတိမမူကြချေ။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက် အကူဖြစ်စေနိုင်သည်ဟု ကျန်းမာရေးသုတေသီများက မကြာ ခဏပြောဆိုလျက်ရှိသည်။ အသက်ရှည်ကျန်းမာခြင်းကို ပိုင်ဆိုင်ထားကြသော အဘိုးအဘွားအများစုသည် ငယ်ရွယ် စဉ်ဘဝမှအစပြုကာ ကျန်းမာရေးကိုလိုက်စားခဲ့ကြသည်။ အချို့အသက်ရှည်သော အဘိုး၊ အဘွားတို့သည် ကျန်းမာ ရေးအတွက် သီးသန့်လေ့ကျင့်ခန်း မပြုလုပ်ကြသော်လည်း လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကိုယ်လက်လှုပ်ရှားအလုပ် များကို များများလုပ်နေခြင်းကြောင့် ကျန်းမာသန်စွမ်းကြ သည်။ ကျန်းမာရေးနှင့်ညီညွတ်စွာရှင်သန်အောင်၊ ရောဂါကင်း အောင်နေထိုင်စားသောက်ခြင်း၊ တစ်နေ့တာလုံးစိတ်ရွှင်လန်း တက်ကြွနေရန် နံနက်စောစောမှာ နာရီဝက် သို့မဟုတ် တစ်နာရီခန့်လမ်းလျှောက်ပေးရန် အထူးလိုအပ်သည်။ ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်းတို့ဖြင့် ခန္ဓာကိုယ် အဝလွန်မှုကိုလျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ဖြစ်ပွားမှုများပြားနေသော သွေးတိုးရောဂါ၊ ဆီးချို ရောဂါကို ထိန်းထားပေးနိုင်စွမ်းရှိ၏။ သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် လောက၌ အသက် ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ရာ သက်ရှည်ကျန်းမာစေရန် လမ်းများများလျှောက်ခြင်းဖြင့် ကျန်းမာစေကြောင်း ။






အခြားဆက်စပ်သတင်းများ