နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြင်ကြောင့်ဖြစ်ပွားသောရောဂါများ လျော့နည်းစေရေး စနစ်တကျဆောင်ရွက်

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံးဖြစ်ပွားသေဆုံးမှုများမှာ အရှေ့တောင် အာရှနိုင်ငံများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ဖြစ်ပွားသေဆုံးမှုနှုန်းအများ ဆုံးတွင်ပါဝင်သည်။ 

မြန်မာနိုင်ငံ လူဦးရေတစ်ဝက်ကျော်သည်  ကူးစက်မှု အန္တရာယ်ရှိသည့်ဒေသများတွင်နေထိုင်ကြပြီး  မြန်မာနိုင်ငံ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးအနေဖြင့်  ၂၀၁၅ ခုနှစ်တွင် ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သော ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးနှုန်း ထက်ဝက်လျှော့ချရေးရည်မှန်းချက်ကို  ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့သည်။ ကျန်းမာရေးဝန်ကြီး ဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူ     တစ်ရပ်လုံး၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် အောင်မြင်မှု များရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်  ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ အလေ့အကျင့်ကောင်း၊ ရလဒ်ကောင်းများကို  ဆက်လက် ထိန်းသိမ်းရန်နှင့် ငှက်ဖျားရောဂါဖြစ်ပွားသူများ သေဆုံးမှုမရှိ စေရေးအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် Malaria Program Review Mission မှ ပြည်ပငှက်ဖျားရောဂါပညာရှင် Dr.Seam Hewitt ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၉ ရက်က ကျန်းမာရေး ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ၂၀၃၀ ပြည့်နှစ် တွင်  ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးရည်မှန်းချက် ပြည့်မီစေရေးကို မြန်မာနိုင်ငံတွင် စနစ်တကျစီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်တွင်း၊ ပြည်ပငှက်ဖျားပညာရှင်များပူးပေါင်း၍    ငှက်ဖျားရောဂါ       တိုက်ဖျက်ရေးဆန်းစစ်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် အကြံပြုတင်ပြချက်များအပေါ် ပြန်လည်ဆန်းစစ်သုံးသပ်၍ လုပ်ငန်းများဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်  သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

ကျန်းမာရေးဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများဖြစ်ပွားမှုကာကွယ်ရေးလုပ်ငန်းများကို စီမံချက် များချမှတ်ဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွားနှုန်းနည်း စေရန် ကာကွယ်ရေးနှင့်ကုသရေးအစီအမံများကို လိုက်နာ ဆောင်ရွက်သင့်သည်။ ခြင်ကြောင့် ဖြစ်ပွားသောရောဂါများ မဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာဌာနများ၊ ပြည်တွင်း၊ ပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ရပ်သူ ရွာသားများ ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ