နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးဆောင်ရွက်

မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့် အစည်ကား ဆုံးမြို့မှာ ရန်ကုန်မြို့ဖြစ်သည်။  လူမှုဘဝဖြစ်ထွန်းမှုများ အားလုံးကို   ရန်ကုန်မြို့တွင်  ရှုမဆုံးမြင်တွေ့နိုင်ပါသည်။ ထိုအထဲတွင် မော်တော်ယာဉ်များ တိုးတက်များပြားလာမှုမှာ ရန်ကုန်မြို့တွင် အများဆုံးစုပြုံနေသည်ဟု ဆိုနိုင်သည်။

ယာဉ်ကြောပိတ်ဆို့နေသဖြင့် ခရီးသွားလာမှုကြန့်ကြာ ခြင်း၊ စက်သုံးဆီကို နိုင်ငံခြားငွေဖြင့် ဖြည့်ဆည်းပေးနေရခြင်း၊ မြို့နေပြည်သူလူထုအနေဖြင့် လမ်းပိတ်ဆို့မှုဒဏ်ခံရခြင်း၊ ယာဉ် အန္တရာယ်ကို ပိုမိုကြုံတွေ့နိုင်ခြင်း၊ မော်တော်ယာဉ်များကြောင့် ဖြစ်ပေါ်လာသောဆူညံသံများ၊ မွန်းကျပ်မှုများ၊ စိတ်ဖိစီးမှု များ၊ ကျန်းမာရေးထိခိုက်မှုများစသည့်ဆိုးကျိုးများကို ရင်ဆိုင် လာကြရသည်။

ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အဖြေရှာနိုင်ဖို့ သက်ဆိုင်ရာ တို့က နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေကြပါသော်လည်း ပြေလည်မှုမရရှိနိုင်သည်မှာ အထင်အရှားဖြစ်သည်။ ရန်ကုန် မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကောင်းမွန်စေရေး အတွက် အနှေးယာဉ်များရောင်ပြန်တပ်ဆင်ရေး စိစစ်ကြပ်မတ် ခြင်း၊ လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများ မရှိစေရေး၊ စည်းကမ်းထိန်းသိမ်းခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့်  ယာဉ်ကြောပိတ်ဆို့မှုရှိသည့်နေရာ များကိုဦးစားပေး၍    ဆိုလာမီးတပ်ဆင်ခြင်းလုပ်ငန်း များဆောင်ရွက်ရန်၊  ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင်နှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် ၂၈/၂၀၂၂ ကို နိုဝင်ဘာ ၈ ရက်က မြို့တော်ခန်းမပထမထပ်ရှိ အစည်းအ‌ဝေးခန်းမ ၄ ၌ ကျင်းပရာ တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး၊  ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး တက်ရောက်အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

ယာဉ်သုံးစွဲသူများနှင့် လမ်းအသုံးပြုသူတို့ စည်းကမ်း တကျလိုက်နာခြင်းဖြင့် မွန်းကျပ်မှုမှ ကင်းဝေးနိုင်မည်ဖြစ် သည်။ အဓိကအချက်မှာ တစ်ဦးချင်းစည်းကမ်းလိုက်နာမှု၊ တာဝန်သိတတ်မှုပင်ဖြစ်ရာ မြန်မာလူမျိုးအားလုံးယဉ်ကျေး သည့် နိုင်ငံကြီးသားများပီသအောင် ကျင့်ကြံအားထုတ်ခြင်း ဖြင့်မွန်းကျပ်မှုမှကင်းဝေးစေရန် တိုက်တွန်းအပ်ပါသည်။    ။






အခြားဆက်စပ်သတင်းများ