နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေမြေနှင့် သစ်တောသယံဇာတ အရေးပါ

**********

ရေသည် သစ်တောများဖုံးလွှမ်းသည့် တောတောင်များမှ သည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲ ဒေသသည် အလွန်ကျယ်ပြန့်သည်။ လူသားတို့ဖန်တီးတည် ဆောက်ကြသည့် ဆည်၊ တမံတို့၏ အသက်သွေးကြောသည် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုဖြစ် သည့်အတွက် ရေဝေရေလဲဒေသနှင့် ရေဦးရေဖျားဒေသရှိ သစ်တောသယံဇာတ  အရင်းအမြစ်များအား   ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သည်။

သစ်တောဖုံးလွှမ်းမှု ကောင်းမွန်သောနေရာများ၌ မြေတိုက် စားမှုအနည်းငယ်သာရှိနိုင်သော်လည်း သစ်တောပြုန်းတီး သည့်မြေနေရာများတွင် မြေတိုက်စားမှုပြဿနာဆိုးရွားစွာ ကြုံတွေ့ကြရသည်။ ယင်းကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တောသယံဇာတများအား ရေရှည်တည်တံ့ အောင် အလေးထားစီမံဆောင်ရွက်လျက်ရှိသည်။ 

အဓိကအားဖြင့် ရေထွက်ဦးရေဝေရေလဲဧရိယာရှိ သစ်တော များအား ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ ရေဦးရေဖျား ဧရိယာများတွင် သစ်ပင်မခုတ်ရန်နှင့် တောင်ယာချဲ့ထွင်မှု မပြုလုပ်ရန်လိုအပ်သည်။ တောင်ယာများချဲ့ထွင်ရာတွင် တောမီးရှို့မှုများလည်းပါဝင်လျက်ရှိရာ   ဓမ္မတာမျိုးဆက်  သစ်တောသစ်ပင်များပါဝင်လောင်ကျွမ်းတတ်ရာ သဘာဝ အရ နေထိုင်ကျက်စားသည့် တောနေတိရစ္ဆာန်ငယ်များ၊ အခြားရှားပါးမျိုးစိတ်သတ္တဝါများကိုပါ    ထိခိုက်ပျက်စီး သေကြေနိုင်သည်။

မုတ္တမပင်လယ်ကွေ့တွင် နှစ်စဉ်ဆောင်းခိုငှက် ၂၀၀၀၀၀ ခန့်သည်   လာရောက်ဆောင်းခိုလျက်ရှိသည့် ထူးခြား၍ အရေးပါသည့် ရေတိမ်ဒေသတစ်ခုဖြစ်သည့် ဇီဝမျိုးစုံ၊ မျိုးကွဲ များနှင့်သဘာဝအရင်းအမြစ်များ   ရေရှည်တည်တံ့စေရန် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည်။

တရုတ်နိုင်ငံသည်  နိုင်ငံအတွင်း စိမ်းလန်းပြီး ကာဗွန် ဓာတ်ငွေ့လျှော့ချနိုင်သည့် လေထုနှင့်သဘာဝပတ်ဝန်းကျင် ရရှိစေရေးအတွက်  ကြိုးပမ်းဆောင်ရွက်ရာတွင် ပြောင်မြောက် စွာဆောင်ရွက်နိုင်ခဲ့ကြောင်း  ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဆိုင်ရာညီလာခံ၌ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ တရုတ်ကိုယ်စားလှယ် ဇီဇန်ဟွာက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးကို ခိုင်မာ ထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ကျိုးကြောင်းဆီလျော်သည့် ရာသီဥတုဆိုင်ရာစီမံခန့်ခွဲရေး စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။ 

ယနေ့  နိုင်ငံတော်တွင် ကြုံတွေ့နေရသော ရေနှင့် ဇီဝ မျိုးကွဲထိန်းသိမ်းရေးပြဿနာများကို သက်ဆိုင်ရာများက ပူးပေါင်းပါဝင်ခြင်းဖြင့်    ဆင်းရဲနွမ်းပါးမှု  လျှော့ချရေး နှင့်အစိမ်းရောင်ဖွံ့ဖြိုးရေးကို အထောက်အပံ့ဖြစ်စေချင် ကြောင်း ။






အခြားဆက်စပ်သတင်းများ