သရက်ချောင်း ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူတို့ ပူးပေါင်းအဖွဲ့သည် ဇွန် ၁၃ ရက်၊ နံနက်ပိုင်းက အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ FDA မှ တားမြစ်ထားသော ဆေးဝါးများနှင့် ဓာတုပစ္စည်းများပါဝင်သည့် ဆေးမျိုးစုံဆိုင်များ၊ အလှကုန်ဆိုင်များနှင့် စားသောက်ကုန်များအား စျေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြစဉ်။
မိုးခါး