နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန်ဆောင်မုန်းလပြည့်

********

တန်ဆောင်မုန်းလသည် မိုးလေကင်းစင်၍ ရာသီဥတုသာယာ ကြည်လင်ကာ ညဉ့်ကောင်းကင်ယံတွင် နက္ခတ်ကြယ်တာယာ တို့စုံလင်စွာ ထွန်းပအေးမြလျက် စိတ်နှလုံးမွေ့လျော်ဖွယ်ရာ အခါသမယဖြစ်သည်။ မြန်မာနိုင်ငံတွင် ရတနာသုံးပါးကို ရည်မှန်း၍ နေ့ကြီးရက်ကြီးများတွင်သာမက လပြည့်လကွယ် ရောက်တိုင်း ကောင်းမှုကုသိုလ်များ ပြုလုပ်လျက်ရှိသည်။ 

ဝါတွင်းကာလသုံးလပတ်လုံး ကုသိုလ်ကောင်းမှုပြုကြပြီး၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ကုသိုလ်ကောင်းမှုအထူး ပြုလုပ်လေ့ရှိသည်။ 

ကထိန်ပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသာ ခင်းကျင်းကြရသည်။ ရာသီမရွေးကထိန်မခင်းနိုင်ပါ။ သင်္ကန်းကို အချိန်အခါအလိုက် ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် မသိုးသင်္ကန်းဟူ၍ လှူဒါန်း ကြသည်။ 

ကထိန်ဉတ်သင်္ကန်းဆိုသည်မှာ ကထိန်ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းသည့်သင်္ကန်းကို ဥတ္တိဒုတိယကမ္မဝါ စာဖတ်ပြီး ပေးအပ်ရသည်ကိုစွဲ၍ ကထိန်ဉတ်သင်္ကန်းကြီးဟု ခေါ်သည်။ ကထိန်သင်္ကန်းလှူဒါန်းကြရသော ဒါယကာ၊ ဒါယိကာမတို့သည် ကထိန်ခင်းသော သံဃာတော်အလား အကျိုးတရားငါးပါးဖြစ်သော သွားလေရာအရပ်၌ အနှောင့် အယှက်မရှိဘေးကင်းစွာသွားလာရခြင်း၊ မိမိပိုင်ပစ္စည်းကို ရန် သူတို့က မပျက်စီးနိုင်ခြင်း၊ စားသောက်ဖွယ်ရာအထူးပေါ များ၍ အစာအတွက်ဘေးမဖြစ်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာမေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း နှင့် ပစ္စည်းရှာရာတွင် သူတကာထက်ထူးခြား၍ ထီပေါက် သကဲ့သို့ အစုလိုက်အပုံလိုက်ရခြင်းနှင့် ဥမ္မာဒန္တီမင်းသမီး ကဲ့သို့ ချောမောလှပခြင်းတို့ကိုရရှိခံစားရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း၊ လူမျိုးအချင်းချင်း မတူကွဲပြားသည့်   ဘာသာဝင်များအချင်းချင်း၊  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသည့် ဗြဟ္မစိုရ်တရားလေးပါး ကို လက်ကိုင်ထားပြီး မိမိတို့ကိုးကွယ်ဆည်းကပ်ရာ ဘာသာ တရားအဆုံးအမများကိုခံယူလျက် အစွန်းနှစ်ပါးကိုရှောင်ရှား ပြီး အကုသိုလ်အမှုများကင်းစင်ပြီး  ကုသိုလ်တရားများ ပွားများစေချင်ကြောင်း ပုထုဇဉ်လူသားများအား တိုက်တွန်း နှိုးဆော်ရပေသည်။






အခြားဆက်စပ်သတင်းများ