နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့နယ်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်နှင့် Covid-19 ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ အိမ်တိုင်ရာရောက်ပေးအပ်

ရန်ကုန်၊ ဇွန် ၁၃


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  လူမှုဝန်ထမ်းဦးစီးဌာနနှင့်   အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ပူးပေါင်း၍ လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းစဉ်အဖြစ် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်  ဧပြီ၊ မေ၊ ဇွန်လများအတွက်  အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား  လူမှုရေးပင်စင်နှင့်  ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလ  အတွင်း ထပ်ဆောင်းထောက်ပံ့ငွေ အိမ်တိုင်ရာရောက်ပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်၌  ဇွန် ၁၂ ရက်၊ ညနေ ၄ နာရီက  သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်က လိုက်လံပေးအပ်စဉ်။


ဇာဖြူဝင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ