နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝလွန်ရောဂါ ထိန်းချုပ်ရေး

********

ကလေး သုံးယောက်လျှင် တစ်ယောက်မှာ အဝလွန်တတ် ပြီး၊ ယင်းသို့အဝလွန်မှု မြင့်တက်လာခြင်းကို အသက် ၁၀ နှစ် အောက်တွင် ရပ်တန့်နိုင်ကြောင်း လေ့လာမှုတစ်ခုက ဆိုထား သည်။ သုတေသနပညာရှင်များက အများအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အရွယ်ရှိသူများသည် အဝလွန်မှုမြင့်တက်လျက် ရှိသည်ဟု ဆိုသည်။

ကျန်းမာရေးဌာနက အဝလွန်မှုနှင့်ဆက်စပ်၍ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါအချို့နှင့် မြုံခြင်းကဲ့သို့ များပြား သော ကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်မှုရှိကြောင်း ထုတ်ပြန်ထားသည်။ ယနေ့အခြေအနေတွင် လူငယ်လူရွယ် များမှာ ပညာရေးနှင့် အခြားအပိုချိန်များအတွက် ကုန်လွန် လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးကို ဂရုမစိုက်နိုင်ကြသည်ကို တွေ့မြင်နေရသည်။

အဝလွန်ခြင်း သို့မဟုတ် မိမိရှိသင့်သည်ထက်ပို၍ ကိုယ် အလေးချိန်မြင့်တက်လာခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေးဘက်နာ၊ လေဖြတ်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုး များ ဖြစ်ပေါ်စေနိုင်သဖြင့် လမ်းလျှောက်ခြင်းဖြင့် အဝလွန်မှု ကို လျှော့ချသင့်သည်။

ကလေးအများစုသည် မွေးစတွင် အဝလွန်ခြင်းမဖြစ်ဘဲ မူလတန်း ပြီးဆုံးချိန်တွင် အဝလွန်ခြင်းမှာ စိတ်ပျက်စရာ ကောင်းကြောင်း၊ အသက်ငယ်ရွယ်သော အုပ်စုတွင် အဝလွန်မှု မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ကျွမ်းကျင် သူတို့က ထုတ်ပြန်ထားသည်။ ကျန်းမာကြံ့ခိုင်သော ဘဝများ ကိုပိုင်ဆိုင်ရန် တက်ကြွလှုပ်ရှားပြီး ကယ်လိုရီလျှော့ချရေးကို ဦးတည်ဆောင်ရွက်သင့်သည်။

မြို့ပြလူမှုဘဝ ပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများပြားလာ သည့်အခါ လမ်းများများ လျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုများ ပြေပျောက်သွားပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်များ တိုးပွားလာမည်ဖြစ် သည်။ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ် အဝလွန်မှုကို လျော့ကျစေနိုင်သည်။

အဝလွန်ခြင်းကြောင့် ယနေ့ဖြစ်ပွားမှု များပြားနေသော ကျန်းမာရေးပြဿနာများကို ထိန်းထားနိုင်သည်။ သို့ဖြစ်ရာ လောက၌ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်း များကို အသိပညာရှာဖွေ လိုက်နာဆောင်ရွက်သင့် ဂရုပြု စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ