နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကာလအတွင်း တာမွေမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင်နှင့် ထပ်ဆောင်း ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်၊ ဇွန် ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်ရရှိသည့် အဘိုး၊  အဘွားများအား  လူမှုရေးပင်စင်နှင့် Covid-19 ကာလထပ်ဆောင်း ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇွန် ၁၂ ရက်၊ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အဘိုး၊ အဘွားများနေထိုင်ရာ အိမ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးနိုင်ငံလင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်၊ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တို့မှ တာဝန်ခံများပူးပေါင်း၍ အဘိုး၊ အဘွားများနေထိုင်ရာ အိမ်အရောက် သွားရောက်၍ စနစ်တကျထောက်ပံ့ပေးအပ်ခဲ့ကြစဉ်။


မို့မို့အောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ