နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာ အဓွန့်ရှည်တည်တံ့ရေး

**********

လူတိုင်းသက်တမ်းစေ့ အသက်ရှင်နေနိုင်ရေးနှင့် ရောဂါ ဘယ ကင်းရှင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာ ပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ထိရောက်ကုသမှု ခံယူခြင်းတို့ကို ပြုလုပ်ရပေသည်။

ထိ‌ရောက်သော ကုသမှုတွင် ခေတ်မီဆေးပညာရပ်များ အပြင် မြန်မာ့တိုင်းရင်းဆေးပညာသည်လည်း အပါအဝင် ဖြစ်သည်။ ယနေ့အချိန်အခါတွင် မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူများသည် မြန်မာ့တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်း ဆေးဝါးများကို အားကိုးယုံကြည်စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျေးလက်ဒေသနေ ဝေးလံခေါင်းပါးသော အစွန်အဖျားဒေသများအထိ မြန်မာ့တိုင်းရင်းဆေးဝါးနှင့် ဆေးပညာရပ်များ ဖြန့်ကြက်ရောက်ရှိနေပြီဖြစ်သည်။

ရှေးမြန်မာတိုင်းရင်းဆေးသမားတော်များ ခေတ်အဆက် ဆက် အမွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ၏ ကုသမှု နည်းများ၊ ခေတ်မီကုသနည်းများ၊ ခေတ်မီနည်းများဖြင့် စနစ်တကျ သုတေသနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေး ပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများရရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း သဘာဝအလျောက် ပေါများစွာ ဖြစ်ထွန်းနေသည့် သဘာဝသယံဇာတအရင်းအမြစ်များဖြစ် သည့် အဖိုးတန် ပရဆေးပင်များ၊ ရေထွက်၊ မြေထွက်နှင့် တိရစ္ဆာန်ထွက် ဆေးဖက်ဝင်ပစ္စည်းများကို ပြည်သူများက ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် ဖော်ထုတ်သုံးစွဲလျက် ရှိသည်။

ယင်းသဘာဝအရင်းအမြစ်များ ရှားပါးမှုမှ ကာကွယ်ရန်၊ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် အမျိုးသားပရဆေးဥယျာဉ် များတွင် ဆေးဖက်ဝင်အပင်၊ ပရဆေးပင်များ၊ ရောဂါအလိုက် အသုံးဝင်သော ဆေးပင်များ၊ ပရဆေးပျိုးပင်များ စိုက်ပျိုး ထိန်းသိမ်းထားလျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုး အာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိသည်။

တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများနှင့် ဆေးဝါးများရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေး ပညာဦးစီးဌာတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်း ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီ တိုင်းရင်းဆေးဝါးများ၊ အများပြည်သူ သုံးစွဲရန်မသင့်သည့်ကြောင်း ကြေညာထား သည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း များကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် တိုင်းရင်းဆေးဝါးများ ပိုမိုယုံကြည်စွာ အသုံးပြုနိုင်ရေးတွက် အထောက်အပံ့ဖြစ်စေ ချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ