နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

*********

လူသားတို့၏ နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်များအနက် နေ့စဉ်အဓိကလိုအပ်ချက်မှာ စားရေးရိက္ခာ လိုအပ်ချက်ဖြစ် သည်။ နေ့စဉ်တိုးတက်နေသော လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးမှာ အရေးကြီးသောအချက် ဖြစ်သည်။

လယ်ယာမြေလုပ်ငန်းများတွင် ကျွဲ၊ နွား များနှင့် စွမ်းဆောင် ရသော လယ်ယာမြေလုပ်ငန်းများတွင် ကျွဲ ၊ နွား များ၏ စွမ်းဆောင်ချက်များကလည်း အရေးပါလှသည်။ ခွာနာ၊ လျှာနာရောဂါသည် ခွာကွဲတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ ရာသီအကူးအပြောင်းနှင့် စိုစွတ်သော ကာလများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။

ကျွဲ ၊ နွားများ ခွာနာ၊ လျှာနာရောဂါ ကာကွယ်ထိန်းချုပ် ရေး စီမံချက်ဖြင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများကို ခြောက်လ တစ်ကြိမ် အခမဲ့ထိုးနှံပေးလျက်ရှိသည်။ တိရစ္ဆာန်များတွင် ရာသီမရွေး၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ကူးစက်ရောဂါ များဖြစ်ပွားပါက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများရှိ ကျွဲ ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များကို ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးအညွှန်း အတိုင်း ထိုးနှံပေးရန်၊ ရောဂါဖြစ် တိရစ္ဆာန်ကို သီးခြား ချည်နှောင်ထားခြင်း၊ မွေးမြူရေးခြံ၏ ဇီဝလုံခြုံရေးကို အထူး ဂရုပြုမြှင့်တင်ရာတွင် ရောဂါဖြစ် တိရစ္ဆာန်၏ အညစ်အကြေး များ၊ ခြံ နှင့် ခြံပတ်ဝန်းကျင်ကို မွေးမြူရေးခြံသုံး ပိုးသတ်ဆေး ဖျန်းပေးခြင်း၊ တိရစ္ဆာန်၊ လူ၊ ယာဉ် ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ရန်၊ ရောဂါဖြစ် တိရစ္ဆာန်အား ကျွေးမွေးပြုစုခြင်းကို လူတစ်ဦးတည်းက ဆောင်ရွက်ပြီး၊ လက်၊ ခြေထောက်၊ အဝတ်အစားနှင့် ဖိနပ်တို့ကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင် ရန်တို့ လိုအပ်သည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း စီမံချက်ဝင် ကျေးရွာ ၄၃ ရွာမှာ ရှိသည့် ကျွဲ ၊ နွား ကောင်ရေ ၅၀၀၀ ကျော်ကို ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ကျွဲ ၊ နွား များတွင် ဖြစ်ပွားတတ်သော ခွာနာ၊ လျှာနာရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်စေချင် ကြောင်း။      ။






အခြားဆက်စပ်သတင်းများ