နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးစပါးများ ထိခိုက်မှုမရှိရေး ဂရုပြုဆောင်ရွက်

ယခုအချိန်သည် တစ်နိုင်ငံလုံး၌ မိုးစပါးများ ရိတ်သိမ်း ရမည့်အချိန် ဖြစ်သည်။ စပါးရိတ်သိမ်းအပြီးတွင် သီးထပ်၊ သီးညှပ်များ စိုက်ပျိုးရန် တောင်သူလယ်သမားများက ပြင်ဆင် ဆောင်ရွက်လျက်ရှိပေသည်။ သို့ဖြစ်ရာ လယ်ယာကဏ္ဍ ထုတ်လုပ်မှုတိုးတက်ရေး၊ နိုင်ငံတော်အတွက် အဓိက သီးနှံ များ အထွက်နှုန်းကောင်းမွန်တိုးတက်အောင် နိုင်ငံတော်က အဘက်ဘက်မှ တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲ စပါးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် သတိပြုရမည် ဖြစ်သည်။ နိုဝင်ဘာ ၂ ရက်တွင် တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နာဂေး (Nalgae) သည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျက်ရှိပြီး နောက် ၆ နာရီအတွင်း (Guangdong) ကမ်းခြေကို ရောက်ရှိ မည်ဖြစ်သည်။

ယင်းမုန်တိုင်း၏ အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ရင့်မှည့်ပြီး စပါးခင်းများ မိုးရွာသွန်းခြင်း၊ လေတိုက်ခတ် ခြင်းတို့ကြောင့် ယိုင်လဲမှုများဖြစ်ပေါ်ပါက ယင်းစပါးခင်းများ တွင် အောက်ရေကို အမြန်ဆုံးထုတ်ပေးပြီး ရိတ်သိမ်းစက်၊ ခြွေလှေ့စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ အခြောက်ခံစက်များ အသုံးပြု၍ စက်စွမ်းအား၊ လူစွမ်းအားဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း တလင်းပျောက်စနစ်ဖြင့် ရိတ်သိမ်းခြင်းဖြင့် ဆုံးရှုံးမှုကို သက်သာစေနိုင်သည်။

လယ်ယာကဏ္ဍတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်း လည်းဖြစ်ပြီး လူဦးရေအများဆုံးဖြစ်သော ကျေးလက်ဒေသနေ ပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းလည်း ဖြစ်ရာ လယ်ယာကဏ္ဍနှင့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးသမျှ အောင်မြင်ပြီး အကျိုးဖြစ်ထွန်းမှု အပြည့်အဝရရှိရေးအတွက် ရာသီအလိုက် ရှောင်ရန်၊ ဆောင်ရန်အချက်များကို အထူး ဂရုပြု အလေးထားလိုက်နာ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ