ရန်ကုန်၊ ဇွန် ၁၃
ကျောက်တံတားမြို့နယ် (အထက်ဘလောက်) ဆူးလေဘုရားလမ်းနှင့် ၃၃ လမ်းအကြား) နောက်ဖေး လမ်းကြားအား ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပထမဦးစွာ အဆောက်အဦးများ၏ နောက်ဖေးနံရံများအား ပြုပြင်မွမ်းမံပြီး စနစ်တကျဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၂ ရက်၊ ညနေ ၄ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်ကြည်ပြာနှင့် ဒေါ်မြလှစံ၊ ကျောက်တံတားမြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ လာရောက်ကြည့်ရှု စစ်ဆေးရာ မြို့နယ်ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာဦးစီးအရာရှိ ဒေါ်မိုးမိုးအေး က လုပ်ငန်းဆောင်ရွက်နေမှု၊ နံရံများရှိ တွယ်ကပ်သစ်ပင်များ ရှင်းလင်းကာ နံရံတည်တံ့ခိုင်မြဲစေရေးနှင့် ကောင်းမွန်စွာဆေးသုတ်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ဆေးသုတ်ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြစဉ်။
မောင်မောင်