နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုံခြုံရေးသတိ အမြဲရှိ

********

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့နေရပြီ ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်တွေ့ ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာရေးသည် အရေးကြီးသည်။ မည်သူတစ်ဦး တစ်ယောက်ကမျှ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သော အပြုအမူများကို လုပ်ကိုင်ဆောင်ရွက်လိုခြင်း မရှိပေ။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကို အကြောင်းပြု၍ အင်အားကြီးနိုင်ငံနှင့် မကင်းရာ မကင်း ကြောင်းဖြစ်သည့် အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ စွက်ဖက် ဖိအားပေးမှုများ ရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ယနေ့ ကာလတွင် ရပ်ရွာအေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေး ကို ဖျက်ဆီးတတ်သော ဒုစရိုက်မှု၊ မသမာသူအဖျက်သမားများ ၏ အန္တရာယ်ကိုသတိမူကာ နိုးကြားသော လုံခြုံရေးအသိ အမြဲ ရှိနေရန် လိုအပ်သည်။ မသမာသူ အဖျက်သမားဆိုသည်မှာ ပြည်သူလူထုကြားထဲတွင် ထိုးဖောက်ဝင်ရောက်ကာ မမြင် ကွယ်ရာမှ မသိမသာလှုပ်ရှားနေသူဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၈/ ၂၀၂၂) ကို နိုဝင်ဘာ ၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မှာကြားရာတွင် "အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ ပိုမို ထိရောက်လွယ်ကူစေရန်အတွက် ခရိုင်များ ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ခရိုင်အဆင့်အနေဖြင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းများကို စွမ်းဆောင်ရည်အရ ပိုမိုထိရောက်စွာဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ထပ်မံတိုးချဲ့ခဲ့သည့် ခရိုင်များတွင်  ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မရှိမဖြစ် လိုအပ်သော ဌာနများနှင့် ရုံးများကို ဖွင့်လှစ်ပေးထားကြောင်း၊ တရားဥပဒေရေးရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တရားရုံးနှင့် ဥပဒေရုံး၊ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာ ရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးဦးစီးဌာနများကို ပထမ ဦးစားပေးဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း" ထည့်သွင်း မှာကြားခဲ့သည်။

မည်သို့ပင်ဆိုစေ လုံခြုံရေးအသိ၊ လုံခြုံရေးမျက်စိ ရှင်သန် နေရန်လိုအပ်သည်။ နိုးကြားတက်ကြွသော အသိရှိနေရပါ မည်။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့ကျရာ အခန်း ကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန်နှင့် ပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် အဖျက်အမှောင့်များကို ကြိုတင်တားဆီး ကာကွယ်ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ