နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသည်းရောဂါ သတိပြုဆင်ခြင်

ကမ္ဘာပေါ်တွင် နှစ်စဉ်အသည်းရောဂါဖြင့် လူတစ်သန်းခန့် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ အသည်းရောင်၊ အသည်းခြောက်၊ အသည်း ကင်ဆာ စသော အသည်းနှင့် ပတ်သက်၍ ရောဂါအကြောင်း အရင်းမှာ အသည်းရောင်၊ အသားဝါ၊ ဘီပိုး၊ စီပိုးများ ကူးစက် ခံရခြင်းဖြစ်ကြောင်း ပညာရှင်တို့က လေ့လာတွေ့ရှိထားကြ သည်။

အသည်းရောင် ဘီပိုးနှင့် စီပိုးသည် နာတာရှည်ရောဂါများ အဖြစ် ကူးစက်နိုင်ပြီး သတိမပြုမိပါကလည်း အသည်းခြောက် ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားလေ့ရှိသည်။ အသည်းရောင် ရောဂါကိုဖြစ်စေသည့် ဘီပိုးနှင့် စီပိုးသည် ကူးစက်ရန်လွယ်ကူ ပြီး စနစ်တကျ ကုသမှုခံယူသင့်သည်။ လူအများတွင် အသည်း ရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ သန့်ရှင်းမှုအားနည်း ခြင်းကြောင့် ဖြစ်ရသည်။

မသန့်ရှင်းသော ရေ၊ မသန့်ရှင်းသော အစားအစာတို့မှ တစ်ဆင့် အသည်းရောဂါဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားပါက စနစ်တကျကုသမှု ခံယူသင့်သည်။ သို့ရာတွင် လူအများစုသည် သွေးစစ်ဆေးမှုအားနည်းကြသဖြင့် ဘီပိုး၊ စီပိုး ကူးစက်ခံနေရ သည်ကို သတိမပြုဘဲဖြစ်ကြရသည်။

အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် နောက်ဆက် တွဲရောဂါအမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပေရာ အသည်းကိုထိခိုက်မှု သည် များပြားလာသော အခြေအနေသို့ရောက်ရှိနေသည်။ ယခုအခါ ဘီပိုးကာကွယ်ဆေးများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဦးဆောင်၍ ဌာနဆိုင်ရာများတွင် ထိုးနှံ ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၌ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၀၄ ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ စတင် ဆောင်ရွက်ခဲ့ရာ အရှေ့တောင်အာရှတွင် အသည်းအစားထိုး ခွဲစိတ်ကုသမှု ရှေးဦးဆောင်ရွက်ခဲ့သည့် နိုင်ငံများထဲတွင် ပါဝင် ခဲ့သည်။ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင် ၅၀၀) ရန်ကုန်မြို့တို့၌ အသည်း အစားထိုးခွဲစိတ်ကုသမှု ၃၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင် ရေး လုပ်ငန်းအဖွဲ့များ စနစ်တကျဖွဲ့စည်းခြင်း၊ ပြည်ပ ဆေးပညာရှင်များ ဖိတ်ကြား၍ ပိုမိုတိုးတက်အောင် ဆောင်ရွက် ခဲ့ခြင်း၊ အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသည့် ဆေးပညာရှင်များ၏ ကြိုးစားအားထုတ်မှု၊ အသည်းအစားထိုး အလှူရှင်များ၏ မွန်မြတ်သောအလှူဒါနသည် အရေးပါသည်။ အသည်းအစားထိုး အလှူရှင်များအား ဂုဏ်ပြုပွဲကို လေးကြိမ် ကျင်းပနိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ လူအများ၏ ကျန်းမာရေးကိုခြိမ်းခြောက် လာနေသာ အသည်းရောဂါအမျိုးမျိုး မဖြစ်ပွားအောင် ဆင်ခြင်  စားသောက်နေထိုင်ရန် လိုအပ်သည်ဟု ဆိုချင်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ