နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုး ဆောင်ရွက်ရာ

********

ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ် ဖြစ်သည်။ အများအကျိုး သယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သော အလုပ်ဖြစ်သည်။ လူသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ ထိုအခါ အများ၏ အကူအညီတစ်စုံတစ်ခုကို လိုအပ်မည်ဖြစ်သည်။

လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းတစ်ဖွဲ့ဖြစ်စေ၊ ဒေသတစ်ခုခုဖြစ်စေ၊ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေး ကြရသည်။ အများအကျိုးသယ်ပိုးလိုသည့် စိတ်ကောင်း စိတ်မြတ် ပရဟိတစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီပေးကြရ သည်။

လောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုး ဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင်ရွက်ခြင်း နှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများ အကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် ပရဟိတအလုပ် ဖြစ်သည်။

ထို့ကြောင့် ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူ ထားရှိအပ်သော စိတ်ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှအစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြ သည်မှာ ကမ္ဘာအနှံ့ပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၈-၁၀-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်သည့်         အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ  ဥပဒေအမှတ် (၄၆/၂၀၂၂) ဖြင့် ပြဋ္ဌာန်းထုတ်ပြန်ထားသည်။ အသင်းအဖွဲ့ ဆိုသည်မှာ ပြည်တွင်းအသင်းအဖွဲ့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့ကို ဆိုသည်ဟု အဓိပ္ပာယ်ဖော်ပြ ထားသည်။

ပရဟိတလုပ်ငန်းဖြင့် လူမှုဘဝဒုက္ခတို့ကို ဖြေပျောက် စေနိုင်၏။ လူ့ဘဝတွင် ဖြစ်ပြန်၊ ပျက်ပြန် လောကဓံဆိုသည့် အတိုင်း နိမ့်တစ်ခါ၊ မြင့်တစ်လှည့်ရှိတတ်သည်။ လူ့ဘဝ သည် အမြဲတမ်းနှိမ့်ကျ မနေနိုင်သလို အမြဲတမ်းလည်း အထက်တန်းကျကျ မျက်နှာပန်းမလှနိုင်ပါ။ အဆင်းရှိသလို အတက်လည်းရှိနိုင်သည်။

ပခုက္ကူခရိုင်အတွင်း ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ကြသည့် ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများကို ကူညီထောက်ပံ့ရာတွင် ပခုက္ကူမြို့နယ် အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်း ဦးဆောင် မှုဖြင့် အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လူတိုင်းသည် အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုသည့်စကားအတိုင်း လူမှုအသိုက်အဝန်းအတွင်း သာမှု၊ နာမှုကိစ္စအဝဝနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ တက်ကြွစွာ ပါဝင်လုပ်ကိုင်သောစိတ်ဓာတ် မွေးမြူကာ အများအကျိုး ဆောင်ရွက်သင့်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ