နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နို့နှင့်နို့ထွက်ပစ္စည်းများ တိုးမြှင့်စားသုံးရေး

**********

ကျွန်ုပ်တို့နိုင်ငံတွင် နွားမွေးမြူရေးလုပ်ငန်းသည် ကျေးလက် ဒေသတွင် အဓိကအကျဆုံးနှင့် အရင်းအနှီးအများဆုံးလုပ်ငန်း ပင်ဖြစ်သည်။ ကျေးလက်ဒေသနေ တောင်သူအများစုသည် နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာပါက လယ်သမားတို့၏ လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်သည်။ နှစ်စဉ်တင်သွင်းနေ ရသော နို့နှင့်နို့ထွက်ပစ္စည်းများ လျော့နည်းသွားမည်ဖြစ် သည်။ 

မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများ မှာ ပရိုတင်းအင်အားချို့တဲ့ရောဂါ၊ သံဓာတ်ချို့တဲ့သွေးအား နည်းရောဂါ၊ ဗီတာမင်ချို့တဲ့ရောဂါ၊ အိုင်အိုဒင်းချို့တဲ့ရောဂါ၊ ဗီတာမင်ဘီဝမ်းချို့တဲ့ရောဂါတို့ဖြစ်ကြသည်။

ကျေးလက်နေပြည်သူများအနေဖြင့် အာဟာရချို့တဲ့ခြင်း နှင့်နောက်ဆက်တွဲကျန်းမာရေးထိခိုက်ခြင်းများမှ ကာကွယ် နိုင်ရန် မိမိဒေသထွက် အာဟာရအုပ်စုသုံးခုမှ ပါဝင်သည့် အစားအစာများကို မျှတစွာစားသုံးရန်လိုအပ်သည်။ 

နွားနို့ကို နေ့စဉ်သောက်သုံးခြင်းဖြင့် သန်မာထွားကျိုင်း ဉာဏ်ရည်ဖွံ့ဖြိုးသောလူငယ်၊ လူရွယ်များအဖြစ် ရောက်ရှိစေ မည်ဖြစ်သည်။ နွားနို့တွင် သကြားဓာတ်၊ အဆီဓာတ်၊ အသား ဓာတ်၊ သတ္ထုဓာတ်၊ ဗီတာမင်နှင့် အင်ဇိုင်းဓာတ်များပါဝင် သကဲ့သို့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ကြောင်း သိရသည်။ 

သို့ဖြစ်ရာ အနာဂတ်တွင် ကိုယ်ခန္ဓာကြံ့ခိုင်သော မြန်မာ လူမျိုးဖြစ်ရေး အာဟာရပြည့်ဝသောနွားနို့သောက်သုံးခြင်း အလေ့အထဖြစ်ရေး၊ အာဟာရမြှင့်တင်ရေးပူးပေါင်းဆောင် ရွက်မှုများလိုအပ်သည်။

အစားအစာများကို စားသုံးရာတွင် စားသုံးသူ၏ အသက် အရွယ်၊ ရာသီဥတုအလုပ်အကိုင်တို့ကိုလိုက်၍ စားသောက် ခြင်းဖြင့်  အာဟာရဓာတ်ဖြစ်ပြီး ကျန်းမာသက်ရှည်ပေမည်။ အာဟာရဓာတ်နည်းပါးသော အစားအစာများကို စားသုံးပါက ကျန်းမာရေးချို့တဲ့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်   အာဟာရချို့တဲ့မှု  ရာခိုင်နှုန်းများနေ သည်ဟု  ကျန်းမာရေးဝန်ကြီးဌာနက   အသိပေးထားရာ သက်ဆိုင်ရာဌာန၏ အာဟာရဖွံ့ဖြိုးရေးအသိပညာပေး နှိုးဆော်ချက်များအတိုင်း  လိုက်နာကျင့်သုံး၍  နေ့စဉ်နွားနို့ သောက်သုံးစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ