နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ဂေဟစနစ်ထိန်းသိမ်းရေး

*********

လာမည့်လအတွင်း အီဂျစ်နိုင်ငံ၌ ကုလသမဂ္ဂ၏ ရာသီ ဥတုပြောင်းလဲရေးညီလာခံကို ကျင်းပမည်ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအာနိသင်ဓာတ်ငွေ့ များထုတ်လွှတ်မှုသည် လျင်မြန်စွာ မြင့်တက်နေလျက်ရှိ ကြောင်း၊  ကမ္ဘာတစ်ဝန်းက အစီအမံများပြုလုပ်ထိန်းချုပ် သွားရန်လိုကြောင်း ကုလသမဂ္ဂက သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။

ကမ္ဘာ့အသိုက်အဝန်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ များထုတ်လွှတ်မှုလျှော့ချသွားရန် လျင်လျင်မြန်မြန်ဆောင် ရွက်သွားရန်လိုအပ်သည်။ မြေကမ္ဘာကို ဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို အသိပညာရှင်၊ အတတ် ပညာရှင်များက ဆွေးနွေးညှိနှိုင်းအဖြေရှာနေကြသည်။ 

အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်ပေါ်သို့ နေမှကျရောက် သည့်ဘေးအန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိစုပ်ယူပေးသည့် သဘာဝအကာအရံဖြစ်ပေ သည်။ 

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း နှစ်ဆနီးပါးမြင့်တက်လာရာမှ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းဖွဲ့စည်းထားသော  အဖွဲ့အစည်းက ထုတ်ပြန် သတိပေးထားသည်။ 

ရာသီဥတုပြောင်းလဲမှုများတွင် ကမ္ဘာတစ်ဝန်းသစ်တော များပြုန်းတီးလာသည့်အတွက်   ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားလာ ခြင်းစသည့်အကြောင်းရင်းများကြောင့်ဖြစ်သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည်   လက်ရှိ အနေထားအတိုင်း ဆက်လက်ထုတ်လုပ်ခွင့်ပြုထားလျှင် နောက်ပိုင်းထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်သွား ရန်မလွယ်ကူကြောင်း ကုလသမဂ္ဂက သတိပေးထုတ်ပြန် ထားရာ သတိပြုဆင်ခြင်စရာဖြစ်သည်။ 

သဘာဝတော၊ တောင်၊ ရေအရင်းအမြစ်၊ သစ်တောများ စသဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်သွားကြ ရမည်ကြောင်း တိုက်တွန်းရေးသားဖော်ပြရပါသည်။       ။






အခြားဆက်စပ်သတင်းများ