နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်တွင် ကြိုးချည်ပြီး တရွတ်တိုက်ဆွဲလာသည့် ဖြစ်ရပ်ကြောင့် ကင်ညာရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီး

နိုင်ရိုဘီ၊ ဇွန် ၁၂


အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်တွင် ကြိုးချည်ပြီး တရွတ်တိုက် ဆွဲလာကြောင်း ဗီဒီယိုရိုက်ခဲ့ဖွယ်ရှိခြင်းကြောင့် ကင်ညာနိုင်ငံရှိ ရဲအရာရှိသုံးဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါအမျိုးသမီးကို ဓားပြတိုက်မှုတွင်ပါဝင်သည်ဟု စွပ်စွဲခဲ့ပြီး အခြားအမျိုးသားတစ်ဦးက ယင်းကို ကြာပွတ်ဖြင့် ရိုက်ခဲ့ရာ အမျိုးသမီးက ဆက်မရိုက်ရန် အသနားခံခဲ့သည်။ 


ကင်ညာနိုင်ငံအနောက်ပိုင်း နာကူရူကောင်တီရှိ မြို့တစ်မြို့မှ လူအုပ်ကြီးက ကြားဝင်ဟန့်တားခဲ့ပြီး အဆိုပါအမျိုးသမီးကို ဆေးရုံပို့ခဲ့သည်။ အဆိုပါအမျိုးသမီးမှာ ခြေထောက်ကျိုးနေသည့်အပြင် အခြားဒဏ်ရာ များလည်းရရှိခဲ့သည်ဟု ဆိုသည်။ ကင်ညာရဲတပ်ဖွဲ့မှာ မကြာခဏအားဖြင့် နှိပ်စက်ညှဉ်းပန်းလေ့ရှိသည်ဟု စွပ်စွဲခံရသည်။ 


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်စေရန် ရည်ရွယ်ပြီး ကင်ညာနိုင်ငံတစ်ဝန်း ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်အတွင်း ကင်ညာရဲတပ်ဖွဲ့က အနည်းဆုံး လူ ၁၅ ဦးကို အသေဖမ်းဆီးခဲ့သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ 


အဆိုပါဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီး၊ စွဲချက်တင်ရန် တိုက်တွန်းခဲ့သော်လည်း အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ သေဆုံးခဲ့သူများတွင် အသက် ၁၃ နှစ်အရွယ် ကလေးငယ် မိုယိုလည်း ပါဝင်သည်။ ရဲအရာရှိက လေထဲသို့ သေနတ်ပစ်ဖောက်ပြီး လူစုခွဲရန် ကြိုးပမ်းနေစဉ် မတော်တဆဖြစ်ပွားခဲ့ခြင်းဟု ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


(KNT)






အခြားဆက်စပ်သတင်းများ